Home Sport ပေါ့ဂ်ဘာနဲ့ရော်နယ်ဒိုတို့ကို အသင်းမှာဆက်ရှိသင့်လားဆိုတဲ့အဖြေကို ပြတ်ပြတ်သားသားပေးခဲ့တဲ့ ရွန်းနီ

ပေါ့ဂ်ဘာနဲ့ရော်နယ်ဒိုတို့ကို အသင်းမှာဆက်ရှိသင့်လားဆိုတဲ့အဖြေကို ပြတ်ပြတ်သားသားပေးခဲ့တဲ့ ရွန်းနီ

0
ပေါ့ဂ်ဘာနဲ့ရော်နယ်ဒိုတို့ကို အသင်းမှာဆက်ရှိသင့်လားဆိုတဲ့အဖြေကို ပြတ်ပြတ်သားသားပေးခဲ့တဲ့ ရွန်းနီ
data-language="en"

ယခုနွေရာသီမှာ အသင်းကနေ ဒုတိယအကြိမ် ပေါ့ဂ်ဘာ ထွက်ခွာသင့်တယ်လို့ဝိန်းရွန်းနီက အကြံပေးပြောဆိုလိုက်ပါတယ်။

data-language="en"

လူငယ်ကစားသမားဘဝက ပေါ့ဂ်ဘာဟာ အိုးထရက်ဖို့ဒ်ကနေ ၂၀၁၂က ထွက်ခွာခဲ့ဖူးကာ ၃နှစ်အကြာတွင်

အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်သားဟာ အသင်းတွင် အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပြီး

data-language="en"

စာချုပ်ကုန်ဆုံးမယ့် လာမယ့်ဇွန်လအကုန်တွင် ကစားသမားဟာ အသင်းကနေ ထွက်ခွာသွားဖို့ ရည်မှန်းနိုင်တယ်လို့ရွန်းနီက ဆိုပါတယ်။

“သူ အသင်းကနေ ထွက်ခွာတာ ပိုကောင်းတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခု ရှိတယ်လို့ကျွန်တော် ထင်တယ်။

data-language="en"

ပေါလ်ဟာ သူ့ကိုယ်သူ ရိုးသားစွာ ထင်မြင်မယ်ဆိုရင် အသင်းထံ ပြန်လာကတည်းက သူ ကြိုက်နှစ်သက်မယ့်

အသင်းအပေါ် အကျိုးသက်ရောက်မှုမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ပြင်သစ်အတွက် သူကစားတာကို

စောင့်ကြည့်မိပါတယ် တကယ့်ကို ကွဲပြားတဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်။ သူရဲ့ အရည်အသွေး၊

အမြင်အာရုံ၊ပွဲအပေါ် ထိန်းချုပ်ပုံတွေက ပြင်သစ်အတွက် ပွဲတိုင်းမှာ သူကစားတယ်။ သူအတွက်

မန်ချက်စတာယူနိုက်တက်မှာတော့ အတော်လေး အလုပ်မဖြစ်နေပါဘူး”ဟု ဆိုသည်။

ဆက်လက်ပြီး တစ်ကျော့ပြန်ရောက်လာတဲ့ ရော်နယ်ဒိုဟာလည်း ယူနိုက်တက်မှာ အလုပ်မဖြစ်နေကြောင်း ရွန်နီးက ပြောပါတယ်။

ရော်နယ်ဒို ပြန်လာတာ ယူနိုက်တက်ကို အကျိုးဖြစ်စေသလားဆိုတဲ့ မေးခွန်းကို မေးရာမှာ ရွန်းနီက

“သင်အနေနဲ့ နိုးလို့ပြောချင်မှာပါ။ သူ ဂိုးသွင်းပါတယ် အစောပိုင်းရာသီ ချန်ပီယံလိဂ်ပွဲတွေမှာ သူ အရေးပါတဲ့

ဂိုးတွေသွင်းပါတယ်။ သူဟာ တော့တင်ဟမ်နဲ့ပွဲမှာ ဟက်ထရစ်ဂိုး သွင်းခဲ့တယ်။ ဒါပေမဲ့ အသင်းအနာဂတ်ကို

ကြည့်ရင် သင်အနေနဲ့  လာမယ့်၂နှစ် ၃နှစ်လောက်ကို အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးမယ့်

လူငယ်ကစားသမားတွေ ဆာလောင်မှုရှိတဲ့ သူတွေနဲ့ဘဲ ခရီးဆက်သွားရမှာပါ”ဟု ပြောကြားသွားခဲ့ပါတယ်။

data-language="en"

LEAVE A REPLY

Please enter your comment!
Please enter your name here