
ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကတော့ ပိုမိုပြင်းထန်လာပြီပဲဖြစ်ပါတယ်။
အဆင့် ၄ နေရာမှာ စပါးက ၅၄မှတ်၊အဆင့် ၅နေရာက အာဆင်နယ်က ၅၄မှတ်၊ အဆင့် ၆နေရာက
ဝက်ဟမ်းက ၅၁မှတ်၊ အဆင့် ၇နေရာက မန်ယူက ၅၁မှတ်တို့ဖြစ်ပါတယ်။ဝက်ဟမ်းက မန်ယူနဲ့စပါးထက်
တစ်ပွဲပိုကစားထားပြီး။အာဆင်နယ်ကတော့ မန်ယူနဲ့စပါးထက် တစ်ပွဲလျော့ကစားထားပါတယ်။
မန်ယူအသင်းရဲ့ ဂန္ဓဝင်ကစားသမား ရွန်းနီကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို မန်ယူ၊အာဆင်နယ်နဲ့ ဝက်ဟမ်းတို့ကို
ကျော်ဖြတ်ပြီး စပါးအသင်းက သိမ်းပိုက်နိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။စပါးအသင်းရဲ့
အတွေ့အကြုံရှိနေတဲ့ ကစားသမားတွေက ကျန်အသင်းတွေထက်သာနေတယ်လို့လည်း ပြောခဲ့ပါတယ်။
ရွန်းနီက “ကျွန်တော် ကတော့ top 4 နေရာကို အာဆင်နယ် ဒါမှမဟုတ် တော့တင်ဟမ် တစ်သင်းသင်းပဲ ရသွားမယ်လို့ ထင်ပါတယ်။
ဒါဟာ ဒီနှစ်သင်းကြားက ပြိုင်ပွဲ ဖြစ်ပါတယ်။ ကျွန်တော် မန်ယူနိုက်တက်ရဲ့ နောက်ပိုင်း form ကို
ကြည့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကတော့ သူတို့ဟာ top 4 နေရာ အတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ မထင်မိပါဘူး။
ဒါဟာ တော့တင်ဟမ် နဲ့ အာဆင်နယ် တို့ကြားက တိုက်ပွဲ ဖြစ်ပါတယ်။ တော့တင်ဟမ်ရဲ့ လူစာရင်းမှာ
အတွေ့အကြုံတွေ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ သူတို့ကို အသာစီး ရစေပါတယ်။
အခုပုံစံကို ကြည့်ရတာ ဘယ်အသင်းမှာ အဆင့် ၄ နေရာကို မယူချင်တဲ့ ပုံစံပါပဲ။ မန်ချက်စတာစီးတီး
နဲ့ လီဗာပူး တို့ရဲ့ အောက်မှာ ရှိနေတဲ့ အသင်းတွေဟာ ခြေစွမ်း တည်ငြိမ်မှု မရှိကြပါဘူး။
စီးတီး နဲ့ လီဗာပူး တို့ဟာ မြင့်မားတဲ့ standard ကို ချထားခဲ့ပါတယ်။ သူတို့ဟာ အပတ်တိုင်း
အကောင်းဆုံး ကစားနေတဲ့ မယုံနိုင်စရာ အသင်း ၂ သင်း ဖြစ်ပါတယ်။ သူတို့ရဲ့ အောက်က အသင်းတွေ
ဖြစ်ကြတဲ့ ချဲလ်ဆီး မန်ယူနိုက်တက် အာဆင်နယ် နဲ့ တော့တင်ဟမ် တို့ဟာ အနည်းငယ်
ခြေစွမ်း မတည်မငြိမ် ဖြစ်နေကြပါတယ်။ သူတို့ရဲ့ ရပ်တည်နေမှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။