ဘရိုက်တန်နဲ့ပွဲမှာ ပါ၀င်မယ့်ရော်နယ်ဒို၊အသစ်ခေါ်ယူမယ့် ကစားသမားနှစ်ဦးနဲ့ နောက်ဆုံးရမန်ယူသတင်းများ

Sesko သည် ယခုအချိန်တွင် ကမ်းလှမ်းမှုများစွာထဲမှ တစ်ခုကိုရွေးချယ်ထားပြီဖြစ်ကြောင်းသိရပြီး လာမည့် ရက်သတပတ်‌ထဲတွင် ထူးခြားသော အခြေအ‌နေများဖြစ်ပေါ်လာနိုင်ကြောင်းသိရသည်။




RB Salzburg အနေနှင့် Sesko အား RB Leipzig သို့သွားပါက ပြောင်းရွေ့ကြေးအနေနှင့်ယူရိုသန်း၃၀ခန့်နှင့်သာသဘောတူညီနိုင်သော်လည်း တခြားအသင်းတစ်ခုခုအား ပြောင်းရွေ့မည်ဆိုပါက ယူရို ၄၅သန်းနှင့်အထပ်ရရှိမှလက်လွှတ်မည်ဖြစ်သည်။

RB Salzburg အနေနှင့်ခေါ်ယူမည့်အသင်းအနေနှင့်လည်း အလုံးစုံသဘောတူညီမှုရရှိခဲ့ပြီးပါက ၎င်းတို့ကစားသမားအား အဌားတစ်နှစ်ပြန်လည်ချပေးရန် မျှော်လင့်ထားကြောင်းသိရသည်။




Fabian Ruiz သည် Frenkie De Jong United သို့မရောက်ရှိလာပါက Erik Tan Hag ၏ seriously alternative အဖြစ်ထားရှိထားသောကစားသမားဖြစ်ကြောင်းသိရသည်။




Fabian Ruizသည် ယခုအချိန်ထိ ကစားသမားနှင့် Napoli ကြား စာချုပ်သစ်အတွက်သဘောတူညီမှုမရရှိသေးကြောင်းသိရပြီးခေါ်ယူမည်ဆိုပါယူရိုသန်း၃၀နှင့်၄၀ကြားအသုံးပြုရဖွယ်ရှိမည်ဖြစ်သည်။Fabin Ruiz ၏အပြောင်အရွေ့အခြေအနေများအား စပိန်အင်အားကြီးကလပ် Real Madrid မှလည်းအသေးစိတ်စောင့်ကြည့်နေကြောင်းသိရသည်။




Cristiano Ronaldo သည် ယခုအပတ်တွင် Garnacho Bruno Fernandesနှင့်အတူ အချိန်ပို လေ့ကျင့်မှုများပူးတွဲပြုလုပ်ခဲ့ကြောင်းသိရသည်။တိုက်စစ်တွင် Antony Martial ဒဏ်ရာပြသာနာများကြောင့် Cristiano Ronaldo မှာပဲ Brightonနှင့်ပွဲစဥ်တွင်တိုက်စစ်မှူးအဖြစ်ပါ၀င်လာဖွယ်ရှိကြောင်းသိရသည်။




ဘိုင်လီဟာ ယူနိုက်တက်အသင်းကနေထွက်ခွာဖို့အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။ အသင်းကထွက်ဖို့အကြောင်းကိုလဲ အားလုံးကိုအသိပေးထားပြီဖြစ်ပါတယ်။ ရိုမားအသင်းနဲ့နီးစပ်နေပေမယ့် ဘိုင်လီက လာလီဂါကိုသာ ဦးစားပေးလိုတာကြောင်း လောလောဆယ်သတင်းထွက်နေတဲ့ လာလီဂါကလပ် ဆီဗီလာအသင်းထံကိုဘဲ ရောက်ဖို့အခွင့်‌ရေးများနေပါတယ်။

crd

Leave a Reply

Your email address will not be published.