ရော်နယ်ဒိုကို မန်ယူမှာပဲဆက်နေသင့်ကြောင်း အကျိုးအကြောင်းရှင်းပြခဲ့တဲ့ နာနီ

ယူနိုက်တက် တောင်ပံ ကစားသမားဟောင်း နာနီက အသင်း ဖော်ဟောင်းရော်နယ်ဒို အနေနဲ့ မန်ချက်စတာမှာ ဆက်နေဖို့ တောင်းဆိုလိုက်ပြီးအခုရာသီမှာ ပိုအင်အား တောင့်တင်းလာမယ်လို့ ဆိုခဲ့ပါတယ်။




ရော်နယ်ဒို နဲ့ တန်ဟက်တို့ကြား ဆက်ဆံရေး အခြေအနေက တင်းမာလျှက်ရှိနေတာ ဖြစ်ကာ ချန်ပီယံလိဂ် ကစားချင်တာကြောင့် အသင်း ပြောင်းချင်နေတာဖြစ်ပါတယ်။ တန်ဟက်ဟာ လာမယ့် ဘရိုက်တန် အသင်းနဲ့ပွဲမှာ

ရော်နယ်ဒိုကို ပွဲထုတ်ဖို့စိတ်ကူးထားပါတယ်။ နာနီက “ကျွန်တော် ရော်နယ်ဒိုကိုနောက်တစ်နှစ် မန်ချက်စတာမှာ ဆက်နေစေချင်ပါတယ်”“ယူနိုက်တက်က ရာသီကြိုမှာ ကြီးကျယ်ခမ်းနားတဲ့ ခြေစွမ်းတွေကို ပြသနေခဲ့ပါတယ်။ နောက်ပြီး အသင်းက သေချာလည်း ပြင်ဆင်ထားပါတယ်။




လာမယ့်ရာသီမှာ ယူနိုက်တက်က ပိုမိုသန်မာလာမှာပါ”“ဒီတော့ ကျွန်တော်တို့ ရော်နယ်ဒိုရဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်ကြရအောင်” လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေဆဲပါ။




ပွဲစဥ်မပြီးဘဲ ပြန်သွားသည့် စီရော်နယ်နှင့်ပတ်သတ်ပြီး ယနေ့ သတင်းစာရှင်းလင်းပွဲ၌ တန်ဟက်က ” ပွဲမပြီးလို့ ပြန်သွားခဲ့ကြတဲ့ ကစားသမားတွေအများကြီးပဲရှိပါတယ်။ လူတိုင်းကတော့ စီရော်နယ်ဒိုကိုပဲ ပြောနေကြတယ်။ ဒါကတော့ မျှတမှုမရှိပါဘူး။ ခင်ဗျာရဲ့ရှာဖွေမှုကိုပဲ လုပ်နေ။ “




” ကျွန်တော်ကတော့ သူအသင်းမှာရှိနေတဲ့အပေါ်ပျော်ရွှင် ပါတယ်။ ကျွန်တော်တို့မှာ အကောင်းဆုံးဂိုးသွင်းနိုင်တဲ့ ကစားသမားရှိထားတယ်။ အခုသူအသင်းမှာရှိတာ ဒါနဲ့ သူဟာ အသင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းမှာရှိတယ်။”” ဘရိုက်တန်နဲ့ပွဲမှာ စီရော်နယ်ဒို ပွဲထွက်ကစားမယ့် အပေါ်လား? ကျွန်တော်တို့ မြင်တွေ့ရမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။




မန်ယူအသင်းဟာ မနက်ဖြန် တနဂ်နွေနေ့ည ၇:၃၀ မှာ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကို အိမ်ကွင်းမှာကစားရမှာဖြစ်ပါတယ်။ခြေစမ်းပွဲမှာ ခြေစွမ်းပြပြီးဂိုးတွေသွင်းယူခဲ့တဲ့ မာရှယ်ကတော့ အက်သလက်တီကိုနဲ့ပွဲက ဒဏ်ရာကြောင့် ဘရိုက်တန်နဲ့ပွဲက်ု လွဲချော်မယ်လို့ နည်းပြတန်ဟန်က အတည်ပြုပြောကြားခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.