မန်ယူအသင်းဟာ ဒီရာသီမှာ အဆင့်ဘယ်လောက်နဲ့ရာသီပိတ်သိမ်းနိုင်မလဲဆိုတာ ခန့်မှန်းပြောဆိုခဲ့ကြတဲ့ ဂရယ်နဗီးလ်နဲ့ကာရေဂါ

Sky Sports ရဲ့ အစီအစဥ်တင်ဆက်သူ နှစ်ဦး ဖြစ်ကြတဲ့ ဂယ်ရီ နဗီးလ်နဲ့ ဂျေမီ ကာရေဂါ တို့ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ထိပ်သီး လေးသင်း စာရင််းဝင်နိုင်မှာ မဟုတ်ဘူးလို့ ကြိုတင် ခန့်မှန်း သွားခဲ့လိုက်ကြပါတယ် ။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံံး ရာသီတုန်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် 6 နေရာနဲ့သာ ရာသီ ပိတ်သိမ်းနိုင်ခဲ့တဲ့ အတွက် ဒီရာသီမှာတော့ ယူရို ပါလိဂ် ပြိုင်ပွဲကိုသာ ကစားသွားရဖို့ ရှိနေပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက် အသင်းမှ အထွက် ကစားသမားတွေ များခဲ့ပြီး နည်းပြသစ် အဲရစ် တန်ဟတ် လက်အောက်မှာလည်း အားရကျေနပ်ဖွယ် ကောင်းတဲ့ ကစားသမား အင်အား ဖြည့်တင်းမှုတွေကို လုပ်ဆောင်ခြင်း မရှိခဲ့သေးပါဘူး ။




ယူနိုက်တက်တို့ဟာ အခုအချိန်ထိ ကွင်းလယ် တိုက်စစ် နေရာအတွက် ခရစ္စတီယံ အဲရစ်ဆင် ၊ ဘယ် နောက်ခံလူ နေရာအတွက် တိုင်ရယ် မာလာစီယာ ၊ ဗဟို ခံစစ် နေရာအတွက် လီဆန်ဒရို မာတီနက်ဇ် တို့ကိုသာ ခေါ်ယူထားနိုင်ခဲ့ပြီး တိုက်စစ်မှူး နဲ့ ကွင်းလယ် ခံစစ် နေရာအတွက် မခေါ်ယူနိုင်ခဲ့သေးပါဘူး ။




အခြားတဖက်မှာတော့ ယူနိုက်တက် တို့ဟာ ရာသီကြို ပွဲစဥ်တွေမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့ကြပါသေးတယ်် ။ ဒါပေမဲ့ ပရီးမီးယားလိဂ် ပြိုင်ဖက် အသင်းတွေဟာလည်း ရလဒ် ကောင်းခဲ့ကြတဲ့ အပြင် ကစားသမား ဖြည့်တင်းမှုလည်း ကောင်းခဲ့ကြပါတယ် ။ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ဒီရာသီမှာ အဆင့် ဘယ်လောက် နဲ့ ရာသီပိတ်သိမ်းမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြရာမှာတော့ ယူနိုက်တက် ဂန္တဝင််ရော လီဗာပူး ဂန္တဝင် ကပါ ထိပ်သီး လေးသင်းဝင်နိုင်မှာ မဟုတ်ကြောင်း ဖြေခဲ့ကြတာပဲ ဖြစ်ပါတယ် ။




” ကျွန်တော်ကတော့ သူတို့တွေကို အဆင့် 4 နေရာနဲ့ ပိတ်သိမ်းနိုင်မယ်လို့ ထင်မိပါတယ် ” လို့ ဂယ်ရီ နဗီးလ်က ဖြေပြီးနောက် မကြာခင်မှာပဲ ” တကယ်တော့ သူတို့တွေဟာ အဆင့် 5 , 6 နေရာနဲ့လည်း ရာသီပိတ်သိမ်းသွားပါလိမ့်မယ် ” လို့ စိတ်ကူးပြောင်း ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။




အဲ့ဒီမှာပဲ လီဗာပူး ဂန္တဝင် ကာရေဂါက ” ထိပ်သီး 6 သင်း ၊ နှစ်စဥ်နှစ်တိုင်း ဒီလိုဖြစ်နေကျပါပဲ ။ လူတွေက မန်ချက်စတာ ယူနိုက်တက် အသင်း ထိပ်သီး လေးသင်း စာရင်းဝင််မယ် ၊ ပေါလ် ပေါ့ဂ်ဘာ က တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်လာမယ်လို့ ပြောတာချည်းပါပဲ ” လို့ စိတ််ပျက်လက်ပျက် ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။

crd

Leave a Reply

Your email address will not be published.