မင်းတို့မီဒီယာတွေက ရော်နယ်ဒိုနဲ့ငါ့ကိုရန်တိုက်ပေးနေတာလို့ ပြောရင်း ရော်နယ်ဒိုအပေါ်သူ့ရဲ့အမြင်ကိုပြောသွားတဲ့ တန်ဟန်

မန်ယူအသင်းနဲ့ဗယ်ကာနို သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ ရော်နယ်ဒိုဟာ မန်ယူအသင်းအတွက်ဒီရာသီမှာ ပထမဆုံးအကြိမ်၀င်ရောက်ကစားပေးခဲ့ပါတယ်။ဒါပေမယ့် ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။




ရော်နယ်ဒို၊ဖာနန်ဒတ်၊ဒါးလော့ဒ်နဲ့ ကစားသမားအချို့ဟာ ပွဲမပြီးခင်မှာပဲ ကွင်းထဲကထွက်ခွာခဲ့ကြပြီး အိမ်ကိုပြန်ခဲ့ကြပါတယ်။မကြာခင်ကမှ တန်ဟန်ဟာ အသင်းဆိုတာ ပြီးဆုံးသည်ထိအတူတူရှိသင့်ကြောင်းနဲ့အခုလိုပြန်သွားတာမျိုးကို လုံး၀သဘောမကျကြောင်းပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မီဒီယာတွေကတော့ ရော်နယ်ဒိုကိုသာ ခေါင်းစဥ်တပ်ရေးသားခဲ့ပြီး ရော်နယ်ဒိုနဲ့တန်ဟန် ပြဿနာတက်နေပြီဆိုတဲ့ ပုံစံတွေရေးသားလာခဲ့ကြပါတယ်။ဒါက်ုတန်ဟန်ကတော့ အခုလ်ုပဲ ဖြေရှင်းပါတယ်။




ပွဲစဥ်မပြီးဘဲ ပြန်သွားသည့် စီရော်နယ်နှင့်ပတ်သတ်ပြီး ယနေ့ သတင်းစာရှင်းလင်းပွဲ၌ တန်ဟက်က ” ပွဲမပြီးလို့ ပြန်သွားခဲ့ကြတဲ့ ကစားသမားတွေအများကြီးပဲရှိပါတယ်။ လူတိုင်းကတော့ စီရော်နယ်ဒိုကိုပဲ ပြောနေကြတယ်။ ဒါကတော့ မျှတမှုမရှိပါဘူး။ ခင်ဗျာရဲ့ရှာဖွေမှုကိုပဲ လုပ်နေ။ “




” ကျွန်တော်ကတော့ သူအသင်းမှာရှိနေတဲ့အပေါ်ပျော်ရွှင် ပါတယ်။ ကျွန်တော်တို့မှာ အကောင်းဆုံးဂိုးသွင်းနိုင်တဲ့ ကစားသမားရှိထားတယ်။ အခုသူအသင်းမှာရှိတာ ဒါနဲ့ သူဟာ အသင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းမှာရှိတယ်။”” ဘရိုက်တန်နဲ့ပွဲမှာ စီရော်နယ်ဒို ပွဲထွက်ကစားမယ့် အပေါ်လား? ကျွန်တော်တို့ မြင်တွေ့ရမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။




မန်ယူအသင်းဟာ မနက်ဖြန် တနဂ်နွေနေ့ည ၇:၃၀ မှာ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကို အိမ်ကွင်းမှာကစားရမှာဖြစ်ပါတယ်။ခြေစမ်းပွဲမှာ ခြေစွမ်းပြပြီးဂိုးတွေသွင်းယူခဲ့တဲ့ မာရှယ်ကတော့ အက်သလက်တီကိုနဲ့ပွဲက ဒဏ်ရာကြောင့် ဘရိုက်တန်နဲ့ပွဲက်ု လွဲချော်မယ်လို့ နည်းပြတန်ဟန်က အတည်ပြုပြောကြားခဲ့ပါတယ်။




ရော်နယ်ဒိုကတော့ မန်ယူနဲ့အတူ ယူရိုပါလိဂ်မကန်လိုပဲ ချန်ပီယံလိဂ်၀င်ခွင့်ရတဲ့ အသင်းတစ်သင်းကို ပြောင်းရွေ့လိုနေပါတယ်။သတင်းတွေအရတော့ ရော်နယ်ဒိုဟာ မန်ယူကနေ အမြန်ဆုံးထွက်ခွာချင်နေပြီး မနက်ဖြန်ဘရိုက်တန်နဲ့ပွဲကိုတောင်ပါ၀င်ကစားလိုချင်းမရှိဘူးလို့သိရပါတယ်။

crd

Leave a Reply

Your email address will not be published.