အသင်းကထွက်ချင်နေတဲ့ ရော်နယ်ဒိုရဲ့အနာဂတ်ကို အတည်ပြုပြောကြားလာခဲ့ကြတဲ့ မန်ယူပိုင်ရှင် ဂလေဇာမိသားစု

ပရီးမီးယားလိဂ် နာမည်ကြီး ကလပ် မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင် ဂလေဇာ မိသားစုက ယခု နွေဈေးကွက် အတွင်းမှာ အသင်းက ထွက်ခွာခွင့် တောင်းခံထားတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို မရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းထောက် လော်ရီဝှိုက်ဝဲလ်က ဖော်ပြသွားခဲ့ပါတယ်။




အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ယူဗင်တပ်စ်မှ မန်ချက်စတာ ယူနိုက်တက် ထံ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသေးသူပါ။

ဒါပေမယ့် ရော်နယ်ဒိုက မန်ချက်စတာ ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်မှုကို အကြောင်းပြပြီး အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားပြီး သူ့ရဲ့ အေးဂျင့် ဖြစ်သူ မန်ဒက်စ်ကလည်း ရော်နယ်ဒို အတွက် အသင်းသစ်ကို စတင် ရှာဖွေပေးနေပါတယ်။




မန်ချက်စတာ ယူနိုက်တက် ကတော့ သူတို့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုကို ရောင်းချဖို့ စိတ်ကူးမရှိပဲ စာချုပ်ပါအတိုင်း နောက်ထပ် ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့တောင် ပြင်ဆင်နေပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ အသင်းပိုင်ရှင် ဖြစ်တဲ့ ဂလေဇာ မိသားစုကလည်း ရော်နယ်ဒို ရဲ့ ပုံရိပ်ကြောင့် ရလာမယ့် စီးပွားရေး အကျိုးအမြတ်ကြောင့် ရော်နယ်ဒို ကို ရောင်းထုတ်ဖို့ တွန့်ဆုတ်နေပါတယ်။




နာမည်ကြီး သတင်းထောက် လော်ရီဝှိုက်ဝဲလ် ရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် ရဲ့ အသင်းပိုင်ရှင် တဦး ဖြစ်သူ ဂျိုဝဲလ် ဂလေဇာက အသင်းရဲ့ ထိပ်တန်း တာဝန်ရှိသူတွေနဲ့




ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ရော်နယ်ဒိုကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့သလို အဆိုပါ အစည်းအဝေးမှာပဲ ယူနိုက်တက်က ရော်နယ်ဒိုကို မရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။




လက်ရှိမှာတော့ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်က သူ့ရဲ့ ကစားသမား အတွက် အသင်းသစ် ရှာဖွေမှုကို ဆက်လက် ပြုလုပ်နေပြီး နာပိုလီနဲ့ ချဲလ်ဆီး တို့ဟာ ရော်နယ်ဒို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း ကောလဟာလ သတင်းတွေ ထွက်ပေါ်ထားပါတယ်။

crd

Leave a Reply

Your email address will not be published.