ရော်နယ်ဒိုနဲ့နည်းပြတန်ဟန်ရဲ့ ဆက်ဆံရေးအကြောင်းပြောပြလာတဲ့ မက်ဂွိုင်းယား

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ မန်ယူအသင်းက ထွက်လိုနေပြီး ချန်ပီယံလိဂ်ကစားဖို့ စိတ်အားထက်သန်နေပါတယ်။နည်းပြဖြစ်သူတန်ဟန်နဲ့လည်း သိပ်အစေးမကပ်ပဲ ဗယ်ကာနိုနဲ့ပွဲမှာ တန်ဟန်ရဲ့ ညွှန်ကြားချက်က်ု ဂရုမစိုက်သလိုလည်းပြုလုပ်ခဲ့ပါတယ်။




ဒါ့အပြင်ပထမပိုင်းအပြီးမှာ ကွင်းထဲကထွက်ခွာသွားခဲ့ပြီး နည်းပြသစ်တန်ဟန်ကတော့ ဒါမျိုးဟာ လုံး၀ခွင့်လွှတ်နိုင်စရာမရှိပဲ အသင်းဆိုတာ အဆုံးထိအတူတူရှိနေရမယ်လို့ပြောကြားခဲ့ပါတယ်။

မက်ဂွိုင်းယားကတော့”အသင်းနဲ့ရောနည်းပြကြားထဲမှာပါ ရော်နယ်ဒိုနဲ့ဘာပြသာနာမှ မရှိပါဘူး မီဒီယာတွေက ရေးချင်တာရေးနေကြတာပါ သူက ကမ္ဘာအကောင်းဆုံးဘောလုံးသမားတစ်ဦးလေ




သူ့မှာလဲစိတ်ခံစားချက် ဒေါသတွေဆိုတာရှိမှာပဲ ဒါပေမဲ့ဒီလိုအရာတွေကိုကျွန်တော်မနှစ်ကတစ်ရာသီလုံးနီးပါကြုံတွေခဲ့ရတယ် နည်းနည်းလေးမှားလို့မရဘူး




မီဒီယာရဲ့ဖိအားအောက်ကိုအကြိမ်ကြိမ်ကြခဲ့ဖူးတယ်ဒါပေမဲ့ဒီလိုအရာတွေကရော်နယ်ဒိုအတွက် အေးဆေးဖြစ်နေပါပြီ သူဒါတွေကိုဆယ်စုနှစ်များစွာခံစားပြီးသွားပြီဖြစ်လို့




မီဒီယာရဲ့ပါဝါကရော်နယ်ဒိုကိုဘားမှလုပ်လို့မရဘူး သူ့အကောင့်ကနေပြန်ပြီးတစ်ခုခုတင်လိုက််ရင်မီဒီယာဆိုတာ ပုရွတ်ဆိတ်လိုခပ်သေးသေးလေးဖြစ်သွားမှာပါ။




ကျွန်တော်တို့အသင်းသားတွေအားလုံးအေးဆေးပါမကြာခင်ရာသီသစ်အတွက်အကောင်းဆုံးပြင်ဆင်ထားပြီး ရာသီအဖွင့်ပွဲကို အနိုင်နဲ့ရှေ့ဆက်လျှောက်သွားချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.