မန်ယူအသင်းရဲ့ ဒီဂျောင်အစားထိုးပစ်မှတ်ရူဘင်နီဗက်ဇ်အတွက် စျေးသတ်မှတ်ပေးလိုက်တဲ့ ၀ုဗ်အသင်း

မန်ချက်စတာယူနိုက်တက်အသင်းသည်အပြောင်းအရွှေ့မပိတ်မှီအတွင်းကွင်းလယ်လူသစ်တစ်ဦးကိုခေါ်ယူရန်ကြိုးပမ်းနေပြီး ထိပ်တန်းပစ်မှတ်ဖရန်ကီဒီဂျောင်ဟာယခုအချိန်ထိဘာစီလိုနာမှ ထွက်ခွာရန်ငြင်းဆန်နေဆဲ ဖြစ်သည်။




ယခုအခါယူနိုက်တက်သည်ပရီးမီးယားလိဂ်တွင်အသားကျပြီးသားဖြစ်တဲ့ကွင်းလယ်လူတစ်ဦးကိုဒီဂျောင်နေရာအတွက်ခေါ်ယူရန် စိတ်ဝင်စားနေပြီး ချိတ်ဆက်မှုအချို့ စတင်ပြုလုပ်လာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါသည်။

လက်တလောသတင်းတွေအရယူနိုက်တက်အသင်းခေါ်ယူရန် စိတ်ဝင်စားနေသည့်ကစားသမားကတော့ဝုဗ်ဗာဟမ်တန်အသင်းရဲ့အဓိကကွင်းလယ်လူရူဘင်နီဗက်စ်ဘဲဖြစ်ပါတယ်။ရူဘင်နီဗက်စ်ဟာဝုဗ်အသင်းသို့ ၂၀၁၇ခုနှစ်တွင်ပေါ်တိုအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီး၎င်းရောက်ရှိခဲ့သည့်နှစ်မှာဘဲဝုဗ်တို့ဟာပရီးမီးယားလိဂ်သို့တန်းတက်လာနိုင်ခဲ့တာဖြစ်ပါတယ်။




နီဗက်စ်သည်ဝုဗ်အသင်းတွင် ၅ ရာသီကြာဖြတ်သန်းခဲ့ပြီးပြိုင်ပွဲစုံ ၂၁၂ ပွဲတွင်သွင်းဂိုး ၂၄ ဂိုးနှင့်ဂိုးဖန်တီးမှု ၁၁ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့သော်လည်းအသင်းရဲ့ကွင်းလယ်ပိုင်းမှာအဓိကအားထားရသည့်ကစားသမားတစ်ဦးအဖြစ်ရပ်တည်ထားနိုင်ခဲ့ပါတယ်။




ဒါ့အပြင်၎င်း၏ခြေစွမ်းတွေဟာလွန်ခဲ့သည့်နှစ်ရာသီလောက်ကတည်းကတဖြည်းဖြည်းတိုးတက်လာခဲ့ပြီး အသင်းကြီးအချို့ရဲ့ ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံခဲ့ရတာဖြစ်ပါတယ်။ယခုအခါ ဝုဗ်တို့ဟာ၎င်းတို့ကစားသမားအားအလွယ်တကူလက်လွှတ်မည်မဟုတ်ဘဲမြင့်မားသည့်ပြောင်းရွှေ့ကြေးမျိုးဖြင့် ကမ်းလှမ်းမှသာ ရောင်းချမည်ဖြစ်ကြောင်းသိရသည်။




The Sun ရဲ့ဖော်ပြချက်မှာတော့ဝုဗ်အသင်းဟာ၎င်းတို့ကစားသမားအတွက်တန်ကြေး ပေါင် ၇၅ သန်းထိသတ်မှတ်ထားခဲ့ကြောင်းသိရသည်။အခြားသတင်းဌာနတစ်ခုဖြစ်တဲ့ The Athletic ကတော့ယူနိုက်တက်ဟာဒီဂျောင်အတွက် အချိန်ဖြုန်းနေပြီးဈေးကွက်ပိတ်ခါနီးမှ




ကွင်းလယ်လူတစ်ဦးကိုရှာဖွေနေတာကြောင့်နီဗက်စ်ရဲ့တန်ကြေးဟာမြင့်မားသွားတာဖြစ်ပြီး၊ယူနိုက်တက်သာအမှန်တကယ်ခေါ်ယူလိုပါကပေါင်သန်း၆၀ဝန်းကျင်လောက်ဖြင့်အပြောင်းအရွှေ့ပြီးမြောက်သွားနိုင်ချေရှိသည်ဟုဖော်ပြသွားခဲ့ပါသည်။

crd

Leave a Reply

Your email address will not be published.