ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ဘရိုက်တန်နဲ့ပွဲကို မာရှယ်လွဲမယ်လို့အတည်ပြုပြီး ရော်နယ်ဒိုပါမှာလားဆိုတဲ့ မေးခွန်းကို တန်ဟန်ဖြေ

မန်ယူအသင်းဟာ တနဂ်နွေနေ့ ၇:၃၀မှာ ဘရိုက်တန်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ရာသီဖွင့်ပွဲစဥ်ဖြစ်လို့ နှစ်ဖက်စလုံးကအစွမ်းကုန်ကြိုးစားမှာဖြစ်ပြီး ပွဲငတ်နေတဲ့ သူတွေအတွက် ကြည့်ကောင်းမှာဖြစ်ပါတယ်။




ဒီနေ့သတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြသစ်တန်ဟာ မာရှယ်က အက်သလက်တီကိုနဲ့ပွဲမှာရခဲ့တဲ့ ဒဏ်ရာကြောင့် ဘရိုက်တန်နဲ့ပွဲကိုလွဲချော်မှာဖြစ်ကြောင်းအတည်ပြုရင်း ရော်နယ်ဒိုပါ၀င်မှာလားဆိုတာ ပြောပြခဲ့ပါတယ်။

တိုက်စစ်မှူး မာစီယဲလ်သည် ပေါင်ခြံ ဒဏ်ရာကြောင့် ဘရိုက်တန် နှင့်ပွဲကို လွဲချော်မည်ဟု နည်းပြတန်ဟက်မှ အတည်ပြုခဲ့ သည်။




ပွဲစဥ်မပြီးဘဲ ပြန်သွားသည့် စီရော်နယ်နှင့်ပတ်သတ်ပြီး ယနေ့ သတင်းစာရှင်းလင်းပွဲ၌ တန်ဟက်က ” ပွဲမပြီးလို့ ပြန်သွားခဲ့ကြတဲ့ ကစားသမားတွေအများကြီးပဲရှိပါတယ်။ လူတိုင်းကတော့ စီရော်နယ်ဒိုကိုပဲ ပြောနေကြတယ်။ ဒါကတော့ မျှတမှုမရှိပါဘူး။ ခင်ဗျာရဲ့ရှာဖွေမှုကိုပဲ လုပ်နေ။ “




” ကျွန်တော်ကတော့ သူအသင်းမှာရှိနေတဲ့အပေါ်ပျော်ရွှင် ပါတယ်။ ကျွန်တော်တို့မှာ အကောင်းဆုံးဂိုးသွင်းနိုင်တဲ့ ကစားသမားရှိထားတယ်။ အခုသူအသင်းမှာရှိတာ ဒါနဲ့ သူဟာ အသင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းမှာရှိတယ်။”




” ဘရိုက်တန်နဲ့ပွဲမှာ စီရော်နယ်ဒို ပွဲထွက်ကစားမယ့် အပေါ်လား? ကျွန်တော်တို့ မြင်တွေ့ရမှာပါ။”လို့ တန်ဟန်ကပြောကြားခဲ့ပါတယ်။ရော်နယ်ဒိုဟာ မန်ယူအသင်းကထွက်ချင်တယ်လို့တောင်းဆိုထားတဲ့သူဖြစ်ပြီး တနဂ်နွေနေ့မတိုင်ခင်မှာလည်း အသင်းကထွက်မယ်လို့သတင်းတွေထွက်နေတာဖြစ်ပါတယ်။




လက်ရှိအချိန်ထိတော့ မန်ယူအသင်းနဲ့အတူလေ့ကျင့်ရေးတွေလုပ်နေပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ သူ့ရဲ့အပြုအမှုတွေကိုအကောင်းဆုံးပြသနေပါတယ်။ဆန်ချိုလည်း ဖျားနာမှုဝေဒနာကသက်သာပြီး ဘရိုက်တန်နဲ့ပွဲမှာပါ၀င်မယ်လို့သိရပါတယ်။

crd

Leave a Reply

Your email address will not be published.