စျေးချိုပြီး တန်ဟန်သဘောကျတဲ့ တိုက်စစ်ကစားသမားကို ခေါ်မပေးနိုင်ဘူးလို့ မန်ယူဘုတ်အဖွဲ့ငြင်းဆို

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဟာကန်ဇီယက်ချ်နှင့် အိုးထရက်ဖို့ဒ်တွင်ပြန်လည်လက်တွဲလိုနေပေမဲ့လည်းယူနိုက်တက်ဘုတ်အဖွဲ့ကချဲလ်ဆီးတိုက်စစ်သမားအားခေါ်ယူရေးအပေါ်ပိတ်ပင်ထားပါတယ်။




မော်ရိုကိုစတားဟာကန်ဇီယက်ချ်ဟာအဲရစ်ဟက်ဟက်ရဲ့လက်အောက်တွင်အေဂျက်စ်မှာ၂၀၁၇ခုနှစ်မှ၂၀၂၀ခုနှစ်အထိကစားခဲ့သူဖြစ်ပြီးဒတ်ချ်အမှတ်ပေးဖလားနှစ်ကြိမ်ဆွတ်ခူးခဲ့သလိုချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့လည်းတက်ရောက်နိုင်ခဲ့ပါတယ်။

ဇီယက်ချ်ဟာ၂၀၂၀ခုနှစ်နွေရာသီတွင်အေဂျက်စ်ကိုစွန့်ခွာကာစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြောင်းခဲ့ပေမဲ့အင်္ဂလိပ်ဘောလုံးနှင့်အထိုင်ကျရန်ရုန်းကန်နေခဲ့ရပါတယ်။သူဟာမေဆင်မောင့်၊ကိုင်ဟာဗတ်ဇ်နှင့်ခရစ္စတီယန်ပူလီဆစ်တို့ကြောင့် ချဲလ်ဆီးတွင်နေရာရန်ရုန်းကန်ရပြီးအသင်းပြောင်းခွင့်တောင်းဆိုနေပါတယ်။




အဲရစ်တန်ဟက်ဟာအေဂျက်စ်အန်တိုနီကိုခေါ်ယူရေးမအောင်မြင်ပါက Plan B အဖြစ်ဟာကန်ဇီယက်ချ်ကိုခေါ်ယူလိုရေးအဓိကပစ်မှတ်ထားနေပါတယ်။ဒါပေမဲ့ယူနိုက်တက်ဘုတ်အဖွဲ့က




ချဲလ်ဆီးကစားသမားအားခေါ်ယူရေးအပေါ်ပိတ်ပင်ထားသလို ယူနိုက်တက်ရဲ့ကစားသမားစုဆောင်းရေးအဖွဲ့ကလည်းဇီယက်ချ်ရဲ့အရည်အသွေးအပေါ်သံသယရှိနေပါတယ်။




ဇီယက်ချ်ကို စီးရီးအေချန်ပီယံအေစီမီလန်ကလည်းခေါ်ယူလိုနေပြီး ချဲလ်ဆီးဟာပေါင်၈သန်းမျှဖြင့်ရောင်းချရန်အသင့်ရှိနေကြောင်းသိရပါတယ်။ယူနိုက်တက်ဟာယခုနွေရာသီတွင်မာလာစီယာ၊ခရစ္စတီယန်အဲရစ်ဆင်နှင့်လီဆန်ဒရိုမာတီနက်ဇ်တို့အားခေါ်ယူထားပါတယ်။




၎င်းတို့ဟာဘာစီလိုနာကွင်းလယ်ကစားသမားဖရန်ကီဒီဂျောင်နှင့်ဆဲလ်ဘတ်တိုက်စစ်မှူးဘင်ဂျာမင်ဆစ်ကိုတို့ကိုလည်းခေါ်ယူရေးဆွေးနွေးနေပါတယ်။

crd

Leave a Reply

Your email address will not be published.