သူ့အတွက် အကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတာ ပြောပြလာတဲ့ ဗာဒီ

ဗာဒီဟာ လက်စတာနဲ့အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားနဲ့ FA cupဆွတ်ခူးထားနိုင်တဲ့ လက်စတာအသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း




ဆွတ်ခူးထားနိုင်ပြီး လက်စတာအသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်သူ ဂျေမီဗာဒီကတော့သူ့အတွက် ထာ၀ရ အကောင်းဆုံးကစားသမားဟာ မန်ယူလို အဘက်ဘက်မှာ နိမ့်ကျနေတဲ့ အသင်းမှာတောင်၃၇ဂိုးထိသွင်းပြထားတဲ့ ရော်နယ်ဒိုသာ ဖြစ်ကြောင်းအခုလိုပဲ ပြောပြထားပါတယ်။

“ရော်နယ်ဒိုလား၊ အသက် (၃၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူက ဒီရာသီ အဖက်ဖက်က ရုန်းကန်နေရတဲ့ ယူနိုက်တက်လို အသင်းမျိုးမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၈) ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။




ကျတော့်အတွက်တော့ သူက ထာဝရ အကောင်းဆုံး ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်သလိုချန်ပီယံလိဂ်ဖလားကို ၅ကြိမ်အထိဆွတ်ခူးထားကာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။




ဒါပေမယ့် လက်ရှိမှာတော့ မန်ယူအသင်းလို ဖန်တီးမှုအားနည်းတဲ့ အသင်းမှာ ပြိုင်ပွဲစုံ ၂၄ဂိုးအထိသွင်းပြခဲ့ပေမယ့် မန်ယူအသင်းနဲ့ နောက်နှစ်မှာ ယူရိုပါလိဂ်ကန်ရတော့မှာဖြစ်ပါတယ်။




ဒါဟာ ရော်နယ်ဒိုရဲ့ကစားသမားဘ၀တစ်လျောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်မကန်ရပဲ ယူရိုပါလိဂ်ကန်ရမှာဖြစ်ပါတယ်။ဒါပေမယ့် ရော်နယ်ဒိုက မန်ယူအသင်းနဲ့အတူ ယူရိုပါလိဂ်ကန်ဖို့စိတ်ကူးမရှိပဲအသင်းပြောင်းဖွယ်ရှိပါတယ်။




တနင်္ဂနွေနေ့မတိုင်ခင် အသင်းပြောင်းမယ်လို့ သတင်းတွေအရသိရပြီး တနင်္ဂနွေနေ့ည ၇:၃၀မှာတော့ မန်ယူအသင်းဟာ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဥ်က်ုကစားရမှာဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.