ရော်နယ်ဒိုဟာ သူ့ရဲ့ကစားကွက်နဲ့လိုက်လျောညီထွေမှုရှိရဲ့လားဆိုတာ ပြတ်ပြတ်သားသားပြောလိုက်တဲ့ တန်ဟန်

ရော်နယ်ဒိုဟာ ဒီနှစ်နွေရာသီအပြောင်းအရွေ့မှာပဲ အသင်းကပြောင်းမယ်လို့ အသင်းကိုတောင်းဆိုထားတာဖြစ်ပါတယ်။ယူရိုပါလိဂ်သာကန်ရမယ့် မန်ယူမှာ သူ့လို ချန်ပီယံလိဂ်ဘုရင်က ဆက်မနေချင်ပဲ ချန်ပီယံလိဂ်ကန်ချင်လွန်းလို့ အသင်းပြောင်းချင်နေတာဖြစ်ပါတယ်။




ရော်နယ်ဒိုဟာ မနှစ်ကမန်ယူအသင်းရဲ့ခြေစွမ်းအပြဆုံးကစားသမားဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ၂၄ဂိုးထိသွင်းကာ ပရီးမီးယားလိဂ်မှာလည်း ၁၈ဂ်ုးထိသွင်းယူနိုင်ခဲ့ပါတယ်။

ဒါတောင်အသင်းဖော်တွေနဲ့သိပ်အချ်တ်အဆက်မမိလို့ဖြစ်ပြီး သူ့ရဲ့တစ်ကိုယ်တော်စွမ်းဆောင်ရည် နေရာယူမှုတွေကြောင့် အခုလောက်ဂိုးများသွားတာဖြစ်ပါတယ်။




မန်ယူအသင်းကတော့ ကျရှုံးတဲ့ရာသီတစ်ခုကိုပိုင်ဆိုင်ခဲ့ပြီး ယူရိုပါလိဂ်၀င်ခွင့်ကိုလည်းကံကောင်းထောက်မစွာရရှိခဲ့တာဖြစ်ပါတယ်။လက်ရှိမန်ယူအသင်းနည်းပြသစ်တန်ဟန်ကတော့ ဗယ်ကာနိုနဲ့ ခြေစမ်းပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တံ ရော်နယ်ဒိုဟာ အသင်းရဲ့ကစားကွက်မှာအံ၀င်ပါ့မလားဆ်ုတာ ပြောကြားခဲ့ပါတယ်။




တန်ဟန်က” ကျွန်တော့်အထင်ကိုပြောရရင် စီရော်နယ်ဒိုဟာ လက်ရှိ ကစားနေတဲ့ ကစားပုံနဲ့အတူ အံဝင်မှုရှိနိုင်မယ်။ ဒါပေမယ့် အရင်ဦးဆုံး သူ့အနေနဲ့ အသင့်ဖြစ်နေဖို့လိုပါတယ်။ သူ က အခုမှ အသင်းနဲ့စပူးပေါင်းထားရုံပါ။ သူက ထူးခြားတဲ့ ကစားသမားတစ်ဦးပါ။ နောက်တော့ ဒါနဲ့ ပတ်သတ်ပြီး သူဟာ အကြိမ်ပေါင်းများစွာ သက်သေပြထားပြီးပါ ပြီး။ “လို့ Sky sportမှာ ပြောကြားခဲ့ပါတယ်။




ရော်နယ်ဒိုဟာ ဗယ်ကာနိုနဲ့ပွဲမှာ ပထမပိုင်းတစ်ပိုင်းသာပါ၀င်ကစားခဲ့ရပြီး ဘောလုံးကို၅ချက်သာထိခွင့်ရခဲ့သလို ​ကစားကွက်မှာပါ၀င်စီးမျောဖို့လည်းရုန်းကန်ခဲ့ရပါတယ်။




ဒါ့အပြင်တန်ဟန်နဲ့လည်းကတောက်ကဆဖြစ်ပြီး ပထမပိုင်းအပြီးမှာပဲ လူစားလဲခံရကာ ပွဲမပြီးခင်မှာပဲ အိမ်ကိုပြန်သွားခဲ့ပါတယ်။ဒါက်ုနည်းပြတန်ဟန်က ခွင့်မလွှတ်နိုင်ဘူးလို့ ပြောခဲ့ပြီး အသင်းတစ်သင်းအနေနဲ့အဆုံးထိတူတူရှိတယ်လို့လည်းပြောခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.