ရာသီအဖွင့်ပွဲစဥ်မှာ မန်ယူအသင်းနဲ့ဘရိုက်တန်အသင်းတို့ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ ခန့်မှန်းခဲ့တဲ့ ပေါလ်မာဆင့်

မန်ယူအသင်းဟာ တနင်္ဂနွေနေ့ည ၇:၃၀မှာတော့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာလက်ခံကစားပြီး ရာသီအဖွင့်ပွဲကို စတင်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။မန်ယူအသင်းဟာ နည်းပြသစ်တန်ဟန်နဲ့အတူ ခြေစမ်းပွဲ ၆ပွဲကစားခဲ့ပြီး လီဗာပူးကို ၄-၀၊ မဲဘုန်းဗစ်တိုရီကို ၄-၁ ၊ ခရစ္စတယ်ပဲလေ့စ်ကို ၃-၁နဲ့အနိုင်ရရှိထားပါတယ်။အက်စတွန်ဗီလာကို ၂-၂၊အက်သလက်တီကို မက်ဒရစ်ကကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးခြေစမ်းပွဲမှာတော့ ဗယ်ကာနိုအသင်းကို ၁-၁ ဆိုတဲ့ရလဒ်နဲ့သရေကျခဲ့ပါတယ်။ရော်နယ်ဒိုကတော့ မန်ယူအသင်းနဲ့ အနာဂတ်မသေချာတဲ့ကစားသမားဖြစ်ပေမယ့် ဘရိုက်တန်နဲ့ပွဲမှာတော့ပါ၀င်ကစားဖွယ်ရှိပါတယ်။




ပေါလ်မာဆင်က”ဒီပွဲအတွက် ယူနိုက်တက်က ဆုံးဖြတ်ချက်တွေ လုပ်ရပါတော့မယ်။ မာရှယ် ပြန်ကောင်းနေတယ်လို့ လူတိုင်း ပြောကြတယ်။ သူ့ရဲ့ နေ့တွေဆိုရင် မာရှယ်က ကစားတာ ကောင်းပါတယ်။ တစ်ရက် သူခြေစွမ်းကောင်းပြီး နောက်ရက် မကောင်းတော့တာမျိုးကို ဘယ်သူမှတော့ မအံ့သြကြပါဘူး။ ဆန်ချို၊ ရက်ဖိုဒ့်၊ မာရှယ်တို့က ဂိုးသွင်းသမား စစ်စစ်တွေ မဟုတ်ပါဘူး။

တန်ဟက်က ရော်နယ်ဒိုကို ရှင်းထုတ်လိုပေမယ့် အစားထိုးစရာ မရှိဘူး။ ဒါက မန်နေဂျာတွေအတွက် ခက်ခဲတဲ့ အခြေအနေပါပဲ။ အခုချိန်မှာ သူတစ်ဦးတည်းက ယူနိုက်တက်ရဲ့ အထောင်တိုက်စစ်သမား စစ်စစ်ဖြစ်ပြီး ကျနော်ဆိုရင်တော့ မာရှယ်ထက် ရော်နာ်ဒိုကိုပဲ အသားပေး ထုတ်သုံးမှာပါ။




ခံစစ်မှာတော့ ယူနိုက်တက်က ၃ ယောက်တန်း ခံစစ်အဖြစ် ဗာရန်၊ မက်ဂွဲရားနဲ့ လင်ဒီအော့တို့ကို ထုတ်သုံးသင့်ပါတယ်။ သူတို့ခံစစ်မှာ ဘယ်သူကမှ လေးယောက်တန်း ခံစစ်ကို သုံးရလောက်အောင် မကောင်းပါဘူး။




ကျနော်က မန်နေဂျာတွေ သူတို့ အသင်းဟောင်းက ကစားသမားကို ပြန်ပြီး ခေါ်ယူတာမျိုး သိပ်သဘောမကျဘူး။ ပရီးမီးယားလိဂ်နဲ့ နယ်သာလန်လိဂ်က မတူညီပါဘူး။ မာတီနက်စ်အတါက် ဒီလိဂ်က ခက်ခဲပါမယ်။ ဒါကို ကျနော်တို့ မြင်ဖူးပါတယ်။ ဟေလာက ပရီးမီးယားလိဂ်မှာ ရုန်းကန်ရပေမယ့် အေဂျက်အတွက် သိပ်ကောင်းထားခဲ့တယ်။




အိုးထရတ်ဖိုဒ့်မှာ ကစားရမယ့် ဒီပွဲကို ရလဒ်ယူနိုင်ဖို့ ဘရိုက်တန်တို့ ကြိုးစားမှာပါ။ သူတို့ ဘောလုံးကို ထိန်းထားပြီး ယူနိုက်တက်ကို စိတ်ပျက်အောင် လုပ်ပါလိမ့်မယ်။ ဒီပွဲမှာတော့ မန်နေဂျာသစ်ဖြစ်ပေမယ့် ယူနိုက်တက်ပဲ နိုင်မယ်ထင်ပါတယ်။ ဒီပွဲကို သူတို့ မနိုင်ရင် ကျနော်တော့ အံ့သြမိမှာပါ။




ပေါလ်မာတင်ကတော့ မန်ယူအသင်းဟာ ဘရိုက်တန်ကို ၃-၁ ဆိုတဲ့ရလဒ်နဲ့ပြတ်ပြတ်သားသားအနိုင်ယူပြီး ရာသီအဖွင့်ပွဲက်ုစတင်လိုက်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.