ရာသီအဖွင့်ပွဲကို မနှစ်ကလိုပဲ ဂိုးပြတ်အနိုင်နဲ့ စတင်မယ့် မန်ချက်စတာယူနိုက်တက် (ပွဲကြိုသုံးသပ်ချက်)

မန်ယူအသင်းဟာ တနင်္ဂနွေနေ့ည ၇:၃၀မှာတော့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာလက်ခံကစားပြီး ရာသီအဖွင့်ပွဲကို စတင်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။မန်ယူအသင်းဟာ နည်းပြသစ်တန်ဟန်နဲ့အတူ ခြေစမ်းပွဲ ၆ပွဲကစားခဲ့ပြီး လီဗာပူးကို ၄-၀၊ မဲဘုန်းဗစ်တိုရီကို ၄-၁ ၊ ခရစ္စတယ်ပဲလေ့စ်ကို ၃-၁နဲ့အနိုင်ရရှိထားပါတယ်။




အက်စတွန်ဗီလာကို ၂-၂၊အက်သလက်တီကို မက်ဒရစ်ကကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးခြေစမ်းပွဲမှာတော့ ဗယ်ကာနိုအသင်းကို ၁-၁ ဆိုတဲ့ရလဒ်နဲ့သရေကျခဲ့ပါတယ်။ရော်နယ်ဒိုကတော့ မန်ယူအသင်းနဲ့ အနာဂတ်မသေချာတဲ့ကစားသမားဖြစ်ပေမယ့် ဘရိုက်တန်နဲ့ပွဲမှာတော့ပါ၀င်ကစားဖွယ်ရှိပါတယ်။

ဘရိုက်တန်အသင်းကလည်း ခြေစမ်းပွဲ၅ပွဲကစားခဲ့ပြီး ၃ပွဲနိုင်၊တစ်ပွဲသရေ တစ်ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ဘရိုက်တန်အသင်းဟာ မနှစ်ကတည်းကခြေစွာနေတဲ့အသင်းဖြစ်ပြီး မန်ယူအသင်းကို ၄-၀ ဆိုတဲ့ရလဒ်အနိုင်ယူပြထားနိုင်တဲ့အသင်းဖြစ်ပါတယ်။




မန်ယူအသင်းကတော့ မနှစ်ကထက်စာရင် အများကြီးတိုးတက်လာတယ်ဆ်ုတာ ခြေစမ်းပွဲတွေက သက်သေပါ့ပဲ။လှပတဲ့ကစားကွက်၊ high pressingကစားဟန်နဲ့ ကောင်းကောင်းကြီးကစားပြထားနိုင်ပါတယ်။




အထူးသဖြင့် မနှစ်က တိုက်စစ်မှူဂိုးသွင်းဖို့ ရုန်းကန်ခဲ့ရတဲ့ ဆန်ချိုနဲ့ရက်ဖို့ဒ်တို့လိုကစားသမားနဲ့ မာရှယ်တို့ပါကစားကွက်ကြောင့်ဂိုးမြူးလာတာဖြစ်ပြီး ခြေစမ်းပွဲမှာ တိုက်စစ်မှူးသုံးယောက်ရဲ့ သွင်းဂ်ုးဟာ ၈ဂိုးအထိသွင်းယူထားနိုင်ပါတယ်။




လက်ရှိကစားကွက်နဲ့ကစားပုံအရ မန်ယူအသင်းဟာ ဘရိုက်တန်ကို ဘယ်လိုမှကို ရှုံးနိမ့်စရာအကြောင်းမရှိပဲ ခြေစမ်းပွဲကလို စိတ်ဓာတ်နဲ့ကစားကွက်သာပုံပေါ်ခဲ့ရင် ဂိုးပြတ်နိုင်ပွဲနဲ့အတူ ရာသီစကိုဖွင့်နိုင်မှာဖြစ်ပါတယ်။




မန်ယူအသင်းအနေနဲ့ မနီစ်ကအတွက် လက်စားခြေရင်း ၃-၁ ဆိုတဲ့ရလဒ်နဲ့အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။မနှစ်ကလည်းရာသီဖွင့်ပွဲစဥ်မှာ လိစ်အသင်းကို ၅-၁ ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်သွင်းကာရာသီအစလှစေခဲ့တာဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.