မာရှယ်ရဲ့သတင်းဆိုးတစ်ခုကို အတည်ပြုပြောကြားလိုက်တဲ့ မန်ယူအသင်း

လာမည့် တနင်္ဂနွေနေ့ ပရီးမီးမီးယားလိဂ် ပွဲစဉ်တစ်အဖြစ်မန်ချက်စတာယူနိုက်တတ်ဟာ ဘရြိက်တန်ကိုကို အိုးထရတ်ဖို့ထ်မှာ ဧည့်ခံကစားရမှာပါ။ ကြံ့ခိုင်မှု ဆက်လက် ရရှိပြီး ကြိုးစားနေပါက ဘလွန်ဒီအောဆုရအောင် လုပ်ပေးနိုင်ပါတယ်လို့ မာရှယ်ကို သဘောကျလွန်းနေတဲ့ မန်ယူနည်းပြ တန့်ဟန်းက ဂန္တ၀င် ရော်နယ်လ်ဒိုကို မသုံးဖို့ အရိပ်အယောင်ထုတ်ပြောထားပါတယ်။ဒါပေမယ့်လည်း မာရှယ်ထက် ရော်နယ်လ်ဒိုကို ဦးစားပေးသုံးရမည့်အကြောင်းက ဖန်လာပြီပဲ ဖြစ်ပါတယ်။




ဒီပွဲအတွက် ယူနိုက်တက်အထောင်တိုက်စစ်မှူးနေရာမှာ ဘယ်သူဝင်ကစားမယ်ဆိုတာ အခုချိန်ထိ ဆုံးဖြတ်နိုင်ခြင်းမရှိသေးပါဘူး။ အကြောင်းကတော့ မာရှယ်လ်ရဲ့ ဒဏ်ရာပြဿနာကြောင့်ဖြစ်ပါတယ်။ မာရှယ်လ်ဟာ အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့ဟန်ရှိပြီး သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းအပေါ်မှာ စိုးရိမ်နေရပါတယ်။

တန်ဟက်ခ်ဟာ ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုပိုင်းအပေါ်မှာလည်း စိတ်တိုင်းမကျဘဲ ရော်နယ်ဒိုအနေနဲ့ နောက်ထပ်လေ့ကျင့်ခန်းအစီအစဥ်အများအပြားကို အသင်းနဲ့အတူ ပူးပေါင်းလုပ်ဆောင်ရဦးမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း မာရှယ်လ်ရဲ့ ဒဏ်ရာအနေအထားအပေါ်မှာကြည့်ပြီး တန်ဟက်ခ်တယောက် ဒီကိစ္စကို ဆုံးဖြတ်ရဖွယ်ရှိနေပါတယ်။




ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဗယ်လက်ကာနိုနဲ့ခြေစမ်းပွဲမှာ (၄၅) မိနစ်မှာ ပါဝင်ကစားခဲ့ပြီး အဲ့ဒီမတိုင်ခင်မှာ ယူနိုက်တက်နဲ့ (၃) ကြိမ်သာ လေ့ကျင့်ခန်းဆင်းရသေးတာပါ။ ယူနိုက်တက်ဟာ စနေ၊ တနင်္ဂနွေနှစ်ရက်ဆက်တိုက် အက်သလက်တီကို၊ ဗယ်လက်ကာနိုတို့နဲ့ ကစားခဲ့တာဖြစ်ပြီး မာရှယ်လ်ကတော့ စနေနေ့မှာ မိနစ် (၇၀) နီးပါးအထိ ကစားခဲ့တာကြောင့် ဗယ်လက်ကာနိုနဲ့ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။




ဒီကနေ့ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာတော့ မာရှယ်လ်တယောက် ကာရင်တန်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တနင်္ဂနွေ ဘရိုက်တန်နဲ့ပွဲမှာ မာရှယ်လ် ပါဝင်ကစားနိုင်ခြင်းရှိ၊ မရှိဆိုတာ သူ့ရဲ့ကြံ့ခိုင်မှုအပေါ် စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ မာရှယ်လ်သာ မကစားနိုင်ခဲ့ရင်တော့ ရော်နယ်ဒိုပဲ ပွဲထွက်လာနိုင်တယ်လို့လည်း ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။ 




တိုက်စစ်မှူး မာစီယဲလ်သည် ပေါင်ခြံ ဒဏ်ရာ ကြောင့် ဘရိုက်တန်နှင့် ကစားမည့်ပရီးမီးယားလိဂ်အဖွင့် ပွဲစဥ်ကို လွဲချော်မည်ဖြစ်ကြောင်းသိရသည်။




ဒါ့ကြောင့် ဘရိုက်တန်နဲ့ပွဲမှာ ရော်နယ်ဒိုကပွဲထွက်ကစားသမားအဖြစ်ပါ၀င်လာနိုင်ပါတယ်။တစ်ဖက်မှာလည်း ရော်နယ်ဒိုဟာ ဘရိုက်တန်နဲ့ပွဲမတိုင်ခင်မှာပဲ မန်ယူအသင်းကနေထွက်ချင်နေတယ်လို့သိရပါတယ်။

crd

Leave a Reply

Your email address will not be published.