ရော်နယ်ဒိုနဲ့မက်ဂွိုင်းယားကထိပ်ဆုံးကရပ်တည်နေပြီး ဝေဖန်တိုက်ခံရမှုအများဆုံးခံခဲ့ရတဲ့ မန်ယူအသင်းသားများစာရင်း

မန်ယူနိုက်တက် ကစားသမား (၂)ဦး ဖြစ်ကြတဲ့ နောက်ခံလူ မတ်ဂွဲယားနဲ့ စီရော်နယ်ဒိုတို့ဟာ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ တွစ်တာမှာ ဝေဖန်မှု အခံရဆုံး ကစားသမား (၂)ဦး အဖြစ် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ကြတယ်လို့ သတင်းတရပ်ကနေပြီးတော့ ဖော်ပြသွားခဲ့ပါတယ်။




ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ပထမပိုင်း ရာသီဝက် အတွင်းမှာ တွစ်တာပို့ (၂.၃)သန်း ကို ခွဲခြမ်းစိတ်ဖြာပြီးတော့ လေ့လာမှု ပြုလုပ်ခဲ့ရာမှာ (၆၀၀၀၀)နီးပါးလောက်ရှိတဲ့ ပို့စ်တွေဟာ ထိပ်တန်း ကစားသမား (၁၀)ဦးမှာ (၇)ဦးကို တိုက်ရိုက် တိုက်ခိုက်ဝေဖန်ထားတဲ့ ပို့စ်တွေ ဖြစ်နေခဲ့တာပါ။ဒီလိုဝေဖန်တိုက်ခိုက်တဲ့ ပို့တွေရဲ့ တစ်ဝက်လောက်ဟာ ကစားသမား (၁၂)ဦးကို ဝေဖန်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊ ဒီထဲမှာ (၈)ဦးဟာ မန်ယူနိုက်တက် ကစားသမားတွေ ချည်း ဖြစ်နေခဲ့တာပါ။

ဒါပေမဲ့ အလန်တာရင်း အင်စတီကျုရဲ့ လေ့လာမှုမှာတော့ ပရိသတ်တွေအများစုဟာ ဆိုရှယ်မီဒီယာကနေ တဆင့် ဘောလုံး လောကကို တနည်းတဖုံ သက်ရောက်မှုတွေ ရှိနေတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ဒါနဲ့ ပတ်သက်ပြီး ရုပ်သံ ထုတ်လွှင့်ခြင်းနဲ့ အွန်လိုင်း သတင်းရေးခြင်းအတွက် ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ကီဗင် ဘတ်ခ်ဟတ်က အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။” ဒီတွေ့ရှိချက်က ဘောလုံးပွဲတွေရဲ့ အမှောင်ခြမ်းတွေကနေပြီးတော့ အလင်းစလေးကို တွေ့လိုက်ရတာပါပဲ၊အွန်လိုင်းပေါ်ကနေ ဝေဖန်တိုက်ခိုက်မှုတွေအတွက် အားကစားမှာ နေရာ မရှိသလို၊ ပိုပြီးတော့ ကျယ်ပြန့်လှတဲ့ လူ့အဖွဲ့အစည်းထဲမှာလည်း နေရာ မရှိပါဘူး၊ ပြီးတော့ ဒါကို စည်းလုံးညီညွှတ်စွာ ကိုင်တွယ် ဖြေရှင်း ဖို့ လိုအပ်ပါတယ် ” လို့ ကီဗင် ဘတ်ခ်ဟတ်က ပြောကြားသွားခဲ့ပါတယ်။ဒီလိုမျိုး ဝေဖန်တိုက်ခိုက်ခံနေရတဲ့ ကစားသမားတွေထဲမှာ မန်ယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ အသင်းခေါင်းဆောင် မတ်ဂွဲယားတို့က ထိပ်ဆုံးကနေ ရပ်တည်လျက်ရှိနေပြီး ဝေဖန်အတိုက်ခိုက်ခံရဆုံး ကစားသမားတွေ အဖြစ်ရှိနေတာဖြစ်ပါတယ်။




တွစ်တာမှာ ဝေဖန်အခံရဆုံး ကစားအဖြစ် ထိပ်ဆုံးက ရှိနေတဲ့ စီရော်နယ်ဒို ကို မန်ယူနိုက်တက်တို့ ခေါ်ယူခဲ့တဲ့ (၂၀၂၁)ခုနှစ် သြဂုတ်လ (၂၇) နေ့မှာ အခြားနေ့တွေကထက် တွစ်တာမှာ ပို့တင်တဲ့ အရေအတွက်ဟာ (၃)ဆ အထိ ပိုမို များပြားခဲ့တယ်လို့ စစ်တမ်းကနေ ဖော်ပြ ထားခဲ့တာပါ။ဒီထဲမှာ ဝေဖန်တိုက်ခိုက်ထားတဲ့ ပို့အရေအတွက် က (၁)သောင်းကျော် အထိ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ တွစ်တာမှာ ဖော်လိုဝါ (၉၈.၄)သန်းအထိ ရှိတဲ့ ကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ်။




အဆိုပါနေ့မှာ ပရီးမီးယားလိဂ် ကစားသမားတွေကို ရည်ရွယ်တဲ့ တွစ်တာပို့အားလုံးရဲ့ (၉၀)ရာခိုင်နှုန်းလောက်မှာ စီရော်နယ်ဒိုကို mention ခေါ်ခဲ့ကြတာ ဖြစ်သလို ဝေဖန်တိုက်ခိုက်တဲ့ ပို့အရေအတွက်ရဲ့ (၉၇)ရာခိုင်နှုန်းဟာ စီရော်နယ်ဒိုကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ (၇)ရက်နေ့မှာ မန်စီးတီးကို (၂-ဝ)နဲ့ မန်ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့တဲ့ ပွဲ အပြီးမှာ မတ်ဂွဲယားဟာ တွစ်တာမှာ ပို့တင်ပြီးတေ့ တောင်းပန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။




အဲ့ဒီနေ့မှာ တွစ်တာပို့တွေရဲ့ (၁၀.၆)ရာခိုင်နှုန်းလောက်ဟာ မတ်ဂွဲယားကို ဝေဖန်တိုက်ခိုက်ပြီး စော်ကားပြောဆိုထားတဲ့ ပို့တွေချည်း ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် ပို့တင်ပြီး (၂)နာရီ အတွင်း မတ်ဂွဲယားထံကို စော်ကားပြောဆိုတဲ့ စာတွေကို (၆၉)ကြိမ်အထိ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။(၂၀၂၁)ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့စပြီး၊ (၂၀၂၂)ခုနှစ် ဇန်နဝါရီ (၂၄)ရက်နေ့အထိ တွစ်တာမှာ စီရော်နယ်ဒိုဟာ ဝေဖန်တိုက်ခိုက်ခံရတဲ့ ပို့အရေအတွက် (၁၂၅၂၀) အထိ ရှိခဲ့တာ ဖြစ်ပြီး စီရော်နယ်ဒိုရဲ့နောက်မှာတော့ မတ်ဂွဲယားက (၈၉၅၄) ကြိမ်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။




လက်ရှိ မှာ ယူကေအစိုးရဟာ တွစ်တာကနေပြီးတော့ ပရီးမီးယားလိဂ် ကစားသမားတွေကို ဝေဖန်တိုက်ခိုက်မှု များနေတဲ့ အခြေအနေတွေကို ထိန်းချုပ်ဖို့အတွက် ပိုကောင်းတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ဥပဒေတွေကို ထုတ်ပြန်ဖို့ ကြိုးစားခဲ့ကြပါတယ်။တွစ်တာရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း တွစ်တာကို အသုံးပြုပြီးတော့ အမုန်းစကားတွေ ပြောပြီး၊ လိင်ခွဲခြားဆက်ဆံတာတွေ၊ လူမျိုးရေးခွဲခြားတဲ့ ပို့တွေကို လုံးဝလက်ခံမှာ မဟုတ်ပဲ ထိန်းချုပ်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန် ပြောကြားသွားခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.