ရော်နယ်ဒိုထွက်ခွာသွားရင် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင်နဲ့ အစားထိုးဖို့ အဆင်သင့်ပြင်ထားတဲ့ မန်ယူအသင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တဲ့ တိုက်စစ်ကစားသမားဖြစ်သူ ဂျင်မီ ဗာဒီကို ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း




90 min သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ကစားသမားဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်မှာသွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့်၊ ယခုအချိန်ထိတိုင်အောင် လက်စတာအသင်းနဲ့

စာချုပ်သက်တမ်းတိုးဖို့အတွက် ကိစ္စကို ဆွေးနွေးခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ဗာဒီရဲ့ အခြေအနေကို မန်ယူအသင်းအပြင် နောက်ထပ် ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကလည်း စောင့်ကြည့်လျက်ရှိနေပါတယ်။




နည်းပြ ဘရန်ဒန် ရော်ဂျာရဲ့ လက်စတာစီးတီးအသင်းဟာ ယခုလက်ရှိနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တစ်ဦးမှ မခေါ်ယူရသေးတဲ့ တစ်ခုတည်းသောအသင်းဖြစ်နေပြီး၊ အသင်းရဲ့ အဓိကကြယ်ပွင့် ကစားသမားတွေဖြစ်ကြတဲ့ ကတ်စပါ ရှမိုက်ကယ်၊ ဝက်စ်လေ ဖိုဖာနာ၊ ယူရီ တိုင်လီမန်းစ်နဲ့ ဂျိန်းစ်မက်ဒီဆန်တို့ရဲ့ အနာဂါတ်နဲ့




ပတ်သက်ပြီး မရေမရာမှုတွေဖြစ်ပေါ်နေကာ၊ ဂျင်မီ ဗာဒီရဲ့ အနာဂါတ်ဟာလည်း ကင်းပါဝါကွင်းကြီးကနေ ထွက်ခွာနိုင်ချေရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ အဓိကတိုက်စစ်ကစားသမားဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုကို လက်ရှိအချိန်ထိတော့ လက်လွှတ်ဆုံးရှုံးရခြင်းမရှိသေးဘူးဆိုပေမယ့်၊ အေးဂျင့်ဖြစ်သူဘက်က သူ့ရဲ့ ကစားသမားအတွက် အသင်းသစ်




ဆက်လက်ရှာဖွေပေးနေတာကြောင့် မန်ယူအသင်းဘက်က တိုက်စစ်မှူးအသစ်တစ်ဦး ရှာဖွေနေရဆဲဖြစ်ပါတယ်။ ဗာဒီယာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်နှစ်ရာသီအတွင်း သွင်းဂိုး ၁၅ ဂိုးစီ သွင်းယူထားနိုင်ပြီး၊ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက်




သွင်းဂိုးအများဆုံး ကစားသမားစာရင်းရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် ဗာဒီဟာ ကစားသမားဘဝနေဝင်ချိန် နီးကပ်လာတာနဲ့အမျှ ဒဏ်ရာပြဿနာတွေ ကြုံလာရပြီဖြစ်တာကြောင့် မန်ယူအသင်းအတွက် ရိုနယ်ဒိုနေရာမှာ ရေရှည်အစားထိုးလို့ရနိုင်တဲ့ အဖြေဟုတ်မနေတာ ဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.