ဘယ်သူမှမခေါ်ရင် ငါတို့ခေါ်မယ် ဒါပေမယ့်ဆိုပြီး ဝေဖန်ချိုးနှိမ်တဲ့စကားတွေနဲ့ ရော်နယ်ဒိုကို ​ပြစ်တင်လိုက်တဲ့ ရီးရဲဥက္ကဋ္ဌပီရက်ဇ်

ရော်နယ်ဒိုဟာ ၂၀၁၈မှာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ကို ၃နှစ်ဆက်တိုက် ဆွတ်ခူးကာ ဂျူဗင်တပ်အသင်းထံအံဩသင့်ဖွယ်ပြောင်းရွေ့သွားခဲ့တာဖြစ်ပါတယ်။




ရော်နယ်ဒိုဟာရီးရဲမက်ဒရစ်အသင်းကို မန်ယူအသင်းကနေ ၂၀၀၉ ခုနှစ်က ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းနဲ့အတူ အောင်မြင်မှုအလီလီဆွတ်ခူးကာ ရီးရဲမက်ဒရစ်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

ရီးရဲဥက္ကဋ္ဌပီရက်ဇ်ကတော့ ရော်နယ်ဒိုအသင်းပြောင်းသွားတာဟာ မက်စီလောက်သူ့ကိုလစာမပေးလို့ဖြစ်ပြီး ရော်နယ်ဒိုဟာ မက်စီထက် အရာရာမှာသာချင်လို့ ဂျူဗင်တပ်ထံပြောင်းရွေ့သွားတာလို့ ပြောခဲ့ပါတယ်။ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကန်ဖို့ မန်ယူက ထွက်ချင်နေတဲ့အခုချိန်မှာတော့ ရီးရဲမက်ဒရစ်ကိုပြန်လာချင်ရင် welcomeပဲလို့ ပြောခဲ့ပြီး လစာတော့လျော့ယူရမယ်လို့ ပြောခဲ့ပါတယ်။




“ကျနော်တို့ သူ့ကို အလိုအပ်ဆုံးအချိန်မှာ ရော်နယ်ဒိုက ထွက်သွားတယ်၊ ဘာစီလိုနာက မက်ဆီကို ကမ္ဘာပေါ်မှာ လုပ်ခအများဆုံးသူဖြစ်အောင် လုပ်ထားတာက သူ ထွက်သွားရတဲ့ အကြောင်းရင်းဖြစ်နေတယ်၊




ဘယ်နေရာမဆို ရော်နယ်ဒိုက မက်ဆီထက်သာချင်တာက လျှို့ဝှက်ချက်မဟုတ်တော့ဘူး၊ ဒါပေမယ့် အသင်းဘဏ္ဍာရေးပြိုလဲခံပြီး သူ ပျော်ရွှင်အောင်တော့ ကျနော်မလုပ်နိုင်ဘူး၊




တကယ်လို့ သူ ပြန်လာချင်ရင် သူ့ကို ကျနော်တို့ကြိုဆိုနေမှာပါ၊ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေတော့ရှိတယ်၊ လူငယ်ကစားသမားတွေထက် သူ့ လစာပိုရမှာမဟုတ်ဘူး၊




သူက အခု အသက်ကြီးနေပါပြီ၊ မကြာခင် အနားယူရတော့မယ့် အသက်အရွယ်လည်းဖြစ်နေပြီ”လို့ ပီရက်ကတော့ ပြောကြားခဲ့ပါတယ်။ရော်နယ်ဒိုကတော့ ခုချိန်ထိဘယ်အသင်းနဲ့မှ သဘောတူညီမှုမရသေးသလို ချဲလ်ဆီး၊ဘိုင်ယန်နဲ့ အေတီကိုတို့ကတော့ မခေါ်ဘူးလို့အတည်ပြုခဲ့ကြပါတယ်။

crd

Leave a Reply

Your email address will not be published.