ဗယ်ကာနိုနဲ့ပွဲမှာ ပွဲမပြီးခင်ထွက်သွားတဲ့ ရော်နယ်ဒိုနဲ့ကစားသမားအချို့ကို လုံး၀ခွင့်မလွှတ်ဘူးလို့ သတိပေးစကားပြောလိုက်တဲ့တန်ဟန်

မန်ယူအသင်းဟာ တနဂ်နွေနေ့က ဗယ်ကာနိုအသင်းနဲ့ကစားခဲ့ပြီး ၁-၁ ဆိုတဲ့သရေလဒ်ထွက်ပေါ်ခဲ့ပါတယ်။ထူးခြားချက်ကတော့ ရော်နယ်ဒိုဟာ မန်ယူအသင်းရဲ့ ခြေစမ်းပွဲ နောက်ဆုံးပွဲမှ ပါ၀င်ကစားတာဖြစ်ပါတယ်။




ရော်နယ်ဒိုဟာ ရာသီကြိုခြေစမ်းပွဲ၅ပွဲအပါအ၀င် မန်ယူအသင်းရဲ့လေ့ကျင့်ရေးအစီအစဥ်တွေကို လာရောက်ပူးပေါင်းခဲ့ခြင်းမရှိပါဘူး။မိသားစုကိစ္စကြောင့်လို့ အကြောင်းပြချက်ပေးခဲ့တာပါ။

ဗယ်ကာနိုနဲ့ပွဲမှာလည်း ရော်နယ်ဒိုဟာ ပထမပိုင်းပဲပါ၀င်ကစားခဲ့ရပြီး ခြေစွမ်းမပြနိုင်ခဲ့သလို ကစားကွက်မှာလည်းပါ၀င်ပတ်သတ်မှုနည်းပါးခဲ့ပါတယ်။




ပထမပိုင်းအတွင်း ခဏနားချိန်မှာလည်း ရော်နယ်ဒိုကို တန်ဟန်က ညွှန်ကြားချက်အချို့ပေးခဲ့ပေမယ့် ရော်နယ်ဒိုက ဂရုမစိုက်သလို လုပ်နေခဲ့တာဖြစ်ပါတယ်။




ပထမပိုင်းအပြီး ဒုတိယပိုင်းအစမှာတော့ တန်ဟန်က ရော်နယ်ဒိုကိုလူစားလဲပစ်ခဲ့ပါတယ်။ပွဲမပြီးခင်မှာပဲ ရော်နယ်ဒို၊ဒါးလော့ဒ်နဲ့ ဖာနန်ဒတ်တို့ဟာ ကွင်းအပြင်ထွက်ခွာသွားခဲ့ကြပါတယ်။




ဒါကိုတန်ဟန်ကတော့ သဘောမကျပဲ အသင်းသားဆိုတာ အသင်းနဲ့အတူတူ အပြီးထိအတူတူရှိသင့်ကြောင်း သတိပေး ပေါက်ကွဲပြောဆိုလိုက်ပါတယ်။ပွဲမပြီးသေးပဲ စောစောစီးစီးထွက်သွားခဲ့တဲ့ Ronaldo နဲ့ အခြားကစားသမားတွေရဲ့ လုပ်ရပ်အပေါ် Erik ten Hag က




“ဒါကို ကျွန်တော်အနေနဲ့ သေချာပေါက် လက်မခံနိုင်ပါဘူး။ လူတိုင်းအတွက် လက်ခံသင့်တဲ့အရာမဟုတ်ဘူးလို့လဲ ထင်ပါတယ်။ကျွန်တော်တို့က အသင်းအဖွဲ့တစ်ခုဖြစ်တဲ့အတွက် သူအနေနဲ့ ပြီးဆုံးတဲ့အထိနေရပါမယ်”လို့သတိပေးပြောဆိုလိုက်ပါတယ်။

HH

Leave a Reply

Your email address will not be published.