ခြေစမ်းပွဲ ၆ပွဲဆက်နိုင်ထားတဲ့အာဆင်နယ်နဲ့ မန်ယူအသင်းနဲ့ယှဥ်ရင် ဘယ်အသင်းကပိုသာလဲဆိုတာ ပြောပြလိုက်တဲ့ ရွိုင်ကိန်း

မနှစ်ကရာသီမှာ မြောက်လန်ဒန် ဒါဘီပြိုင်ဘက် စပါးအသင်းနောက် ၁ မှတ်အကွာကနေ ရာသီသိမ်းခဲ့တာကြောင့် အာဆင်နယ်ဟာ အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာမှာပဲ ရှိနေခဲ့ပါတယ်။




ဂန်းနားတွေဟာ ဒီနွေမှာ ပြင်ဆင်မှုကြီးတွေ ပြုလုပ်လာပေမယ့်လည်း လာမယ့်ရာသီ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်မယ်လို့ ရွိုင်ကိန်းက မမြင်ပါဘူး။ အာဆင်နယ်ရဲ့ အခွင့်အရေးကြီးတွေ လက်လွတ်ရမှုကို ထွေထွေထူးထူး သက်သေပြနေစရာ မလိုဘဲ မနှစ်ကလည်း မြင်ခဲ့ရပြီးပြီလို့ သူက ပြောပါတယ်။

ရွိုင်ကိန်းက ” ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်ရဲ့ (ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ယူဖို့) အကောင်းဆုံး အခွင့် အရေး ဖြစ်ခဲ့တာ။ ဒါကို သူတို့ ဖြုန်းတီးလိုက်တယ်။ သူတို့ လိဂ်မှာ အဆင့် ၄ ဝင်ဖို့ အခြေအနေလည်း ကောင်းခဲ့ပါသေးတယ်။




ရာသီသိမ်းဖို့ ၅ ပွဲ အလိုမှာ အာဆင်နယ်က အဆင့် ၄ နေရာမှာ ရှိခဲ့တယ်။ ဒီတစ်နေရာ အတွက် သူတို့ အလားအလာ အကောင်းဆုံး ဖြစ်ပေမယ့် ဒါကို လွဲချော်ခဲ့ပြန်ရော။သူတို့က ဒီတောင်ကို မကျော်နိုင်ဘူး ဖြစ်နေတယ်။ ညံ့ဖျင်းခဲ့တယ်။ နယူးကာဆယ်နဲ့ ပွဲမှာ သူတို့ ချေမှုန်းခံလိုက်ရပြီး ပြန်မလာနိုင်ခဲ့ဘူး။




ပွဲ တစ်ပွဲ ပြီးသွားရင် မန်နေဂျာက အရေးအကြီးဆုံးပဲ၊ ပြီးရင် စီနီယာ ကစားသမားတွေ။ တခြားအသင်းတွေ ကြည့်ပြီးတော့ကို လာမယ့် ရာသီလည်း အာဆင်နယ်ကို Top 4 ဝင်မယ် မပြောနိုင်ဘူး ဖြစ်နေတယ်။မန်ချက်စတာ ယူနိုက်တက်ကို ကြည့်ရင် ပိုကောင်းလာဦးမယ် ထင်တယ်။ တော့တင်ဟမ်ကလည်း ပိုတောင့်လာတယ်။ အာဆင်နယ်ကိုတော့ သိပ် မမျှော်လင့်ရဲဘူး။ သူတို့ ပြန်ကျလာဦးမှာပဲ ’ လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။




အာတီတာ လက်ထက်မှာ အာဆင်နယ်က တိုးတက်လာပေမယ့် သူတို့ဟာ အားပျော့တဲ့ အသင်းတစ်သင်း ဖြစ်နေဆဲလို့ ကိန်းက မြင်ပါတယ်။ အထူးသဖြင့် ဘမ်ဝှိုက်နဲ့ ဂါဘရီရယ် ခံစစ်အတွဲဟာ အခုထိ အားနည်းနေဆဲလို့ ထောက်ပြခဲ့တယ်။




‘ သူတို့က အားပျော့တဲ့ အစုအဖွဲ့ ဖြစ်နေဆဲပဲ။ သူတို့က ငယ်ရွယ်တာတော့ မဟုတ်တယ်၊ တခါတလေ ပွဲကြီးတွေကို အနိုင်ရဖို့ဆိုရင် သမ္ဘာရင့် ကစားသမားတွေ လိုတယ်။ ဒါပေမယ့် သူတို့က အားပျော့ပြီး အဲ့နေရာမှာ ကစားနေတဲ့ ခံစစ်မှူး နှစ်ဦးကလည်း ယုံကြည်လို့ မရဘူး ’ လို့ ကိန်းက ဆိုခဲ့တာ ဖြစ်ပါတယ်။အာဆင်နယ်ဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကိုတော့ သောကြာနေ့မှာ ပဲလေစ့်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ခြင်းဖြင့် စတင်မှာပဲ ဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.