သူ့ရဲ့လက်အောက်မှာ ပထမပိုင်းသာ ကစားခဲ့တဲ့ ရော်နယ်ဒိုအပေါ် သူ့ရဲ့အမြင်ကို ပြတ်ပြတ်သားသားပြောပြခဲ့တဲ့တန်ဟန်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်းဟက်ဂ်က ခရစ္စတီရာနို ရော်နယ်ဒိုရဲ့ ကြံ့ခိုင်ရေးဟာ သူလိုချင်တဲ့အဆင့်အတန်းတစ်ခုမှ မရှိနေပဲ အသင်းသားတွေနောက် ပြတ်ကျန်ခဲ့ပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ရော်နယ်ဒိုဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ တောက်လျှောက် ပျက်ကွက်ခဲ့ပြီး ယခုအပတ်မှ လာရောက်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ရေယိုဗလီကာနိုအသင်းနဲ့ နောက်ဆုံးခြေစမ်းပွဲမှာတော့ ပထမပိုင်းပါဝင်ကစားခဲ့ပြီး လူစားလဲခံလိုက်ရကာ ပွဲမပြီးဆုံးမီ အိမ်ပြန်သွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး မေးမြန်းလာမှုတွေကို သတင်းစာရှင်းလင်းပွဲမှာလည်း မဖြေကြားခဲ့သလို MUTV နဲ့ အင်တာဗျူးမှာလည်း မပြောဆိုခဲ့တာပါ။ ဒါပေမယ့် ပွဲမတိုင်ခင်ကတော့ ရော်နယ်ဒိုဟာ ရာသီအသစ်အတွက် ပြင်ဆင်ရာမှာ အသင်းဖော်တွေကို လိုက်မီဖို့ အများကြီးလိုသေးကြောင်း ပြောကြားထားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ အခြေအနေနဲ့ပတ်သက်ပြီး VIaplay မှာ – “ အရင်က ကျနော် ပြောခဲ့ဖူးသလိုပဲ သူနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ ကျနော့်မှာရှိပါတယ် သူက အသင်းလူစာရင်းမှာ ပါဝင်ပါတယ်

ပရီးမီးယားလိဂ်ရာသီအတွက် ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုက ဘယ်လောက်ထိ လိုသေးလဲဆိုတာတော့ ကျနော် မပြောနိုင်ပါဘူး ဒါပေမယ့် သေချာတာကတော့ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းဖို့ ရက်သတ္တပတ်ပေါင်းများစွာ လွဲချော်ခဲ့တဲ့သူ့အနေနဲ့ အသင်းသားတွေရဲ့ အဆင့်အတန်းကို လိုက်မီဖို့တော့ အများကြီးလိုနေပါသေးတယ်

သူလေ့ကျင့်ခန်းတွေ အများကြီး ကစားဖို့လိုသေးသလို ပွဲတွေ ကစားဖို့လည်း လိုပါတယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်ကစားဖို့ရှိတာဖြစ်ပါတယ်။

လက်ရှိမှာတော့ နည်းပြတန်းဟက်ဂ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းတဲ့ ရော်နယ်ဒိုထက် ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ အန်သိုနီမာရှယ်ကိုသာ တိုက်စစ်မှာ ဦးစားပေးအသုံးပြုသွားဖွယ်ရှိနေပါတယ်။

crd

Leave a Reply

Your email address will not be published.