မန်ယူအသင်းရဲ့ အားနည်းချက်တွေကို ​ေ၀ဖန်ထောက်ပြရင်း အမြန်ပြင်ဆင်ဖို့ ပြောလိုက်တဲ့ အဲရစ်တင်နဲ့တွန်ဟိတန်

ယမန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ခရစ္စတီယံ အဲရစ်ဆင် က အသင်းရဲ့ ခံစစ်ပိုင်းဟာ ပွဲချိန်အစပိုင်း မိနစ်မှာ ဟာကွက်ဖြစ်လေ့ ရှိနေခဲ့ကြောင်း ဖွင့်ပြောခဲ့လိုက်ပါတယ် ။ ဒါကို ဂိုးသမား ဖြစ််သူ တွမ်ဟီတန် ကလည်း အားနည်းချက်အဖြစ် ထောက်ပြသွားခဲ့လိုက်ပါတယ် ။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီကြို ပွဲစဥ်ရဲ့ နောက်ဆုံး ခြေစမ်းပွဲ အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ရေယို ဗယ်လက်ကာနို အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ဒုတိယပိုင်း 15 မိနစ် အတွင်း သွင်းဂိုးတွေနဲ့ အတူ တစ်ဖက်် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ရပါတယ် ။ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အဖွင့်ဂိုးကို တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အာမတ် ဒီယာလို က ပွဲချိန် 48 မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပြီး 9 မိနစ် အကြာမှာတော့ ဗယ်လက်ကာနို အသင်း အတွက် ခြေပဂိုးကို ဂါစီယာ က သွင်းယူခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ ပြိုင်ဖက် အသင််းရဲ့ ဦးဆောင်မှုကို ခံရဖို့အထိ နီးစပ်ခဲ့ကြပါသေးတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ပွဲစဥ်စတင်ပြီးချိန်မှာပဲ ယူနိုက်တက်် ခံစစ်ဟာ ပြိုင်ဖက် ကစားသမားတွေရဲ့ ထောင်ချောက််ဆင် ကစားမှုအောက်ကို ကျရောက်ခဲ့လို့ပါပဲ ။




ဗယ်လက်ကာနို အသင်းဟာ ပွဲချိန်စတင်တာနဲ့ တပြိုင်နက်် ဗယ်လက်ကာနို အသင်းရဲ့ ထိုးစစ်ဆင် ကစားမှုကို ရင််ဆိုင်ခဲ့ရပြီး ဂါစီယာ ကပဲ ရောက်ရှိလာတဲ့ through ball ကို ဂိုးအဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ တွမ်ဟီတန် လက်စွမ်းပြခဲ့တဲ့အတွက် ဒါဟာ ဂိုးမဖြစ်သွားခဲ့ရပါဘူး ။




အဆိုပါ ပွဲစဥ်အပြီး အဝတ်လဲခန်းထဲ ရောက်တဲ့အခါမှာတော့ ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစား သမားသစ် ဖြစ်သူ အဲရစ်ဆင် က ဘရန့်ဖို့ဒ် အသင်း အတွက်် ကစားပေးခဲ့တဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက သူဟာလည်း ဒီလို အဖြစ်မျိုး ဖန်တီးခဲ့ဖူးကြောင်း ပြောပြသွားခဲ့ပါတယ် ။အခုတော့ ယူနိုက်တက် အသင်းရဲ့ အသက် 36 နှစ် အရွယ်် ဂိုးသမား ဖြစ်သူ တွမ်ဟီတန် က ရာသီသစ် မစတင်မီ သူတို့တွေ အနေနဲ့ ဒီလိုမျိုး ထောင်ချောက်ဆင် ကစားမှုတွေကို အလစ်အငိုက် အမိမခံရဖို့ အခုထဲက ကြိုးစားသင့်ကြောင်း ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။




” ဟုတ်ပါတယ် ၊ ကျွန်တော် အတော်လေး ကြိုးကြိုးစားစား ဖမ်းယူခဲ့ရပါတယ် ။ သူတို့တွေဟာ ညာဖက် အခြမ်းကနေ အဝေးဘော ကန်မလို လုပ်ခဲ့ကြပါတယ် ။ အဲ့ဒီ အချိန််မှာ ကျွန်တော်တို့ဟာ နိုးနိုးကြားကြား မရှိကြပါဘူး ။ အဲ့တာနဲ့ သူတို့က အခွင့်အရေးကောင်း ဖန်တီးသွားနိုင်ခဲ့ကြပါတယ် ”




” မနှစ်က ဘရန့်ဖို့ဒ် အသင်းလည်း ကျွန်တော်တို့ကို ဒီလို ကစားခဲ့တယ်ဆိုတာ ခရစ္စတီယံ ပြောခဲ့ပြီးပါပြီ ။ အခုချိန်် ကျွန်တော်တို့ ဒါကို ပြန်လည် ဆင်ခြင် သုံးသပ်ဖို့ လိုနေပါပြီ ။ဒီတစ်ပါတ်အကုန် ရာသီသစ် မစတင်မီ ကျွန်တော်တို့ အဖက်ဖက်ကနေ အဆင်သင့်ရှိနေဖို့ လိုပါတယ် ” လို့ တွမ် ဟီတန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

crd

Leave a Reply

Your email address will not be published.