မန်ယူက သေချာထွက်မယ်ဆိုတဲ့ ရော်နယ်ဒိုကို အသင်းရဲ့ စံပြကစားသမားအဖြစ်ခေါ်ယူမယ့် စီးရီးအေအသင်းတစ်သင်း

နာပိုလီအသင်းသည် ယခုအချိန်အထိ ခရစ္စတီယာနိုရော်နယ်ဒို အတွက် ခေါ်ယူခွင့်အိမ်မက်အား လက်လွှတ်ခြင်းမရှိသေးကြောင်း သိရပြီး ၎င်းတို့၏ စံပြ ကစားသမားအဖြစ်ပါ ရော်နယ်ဒို အားကိုယ်စားပြုချင်ကြောင်းသိရသည်။




ရော်နယ်ဒို သည် ဩဂုတ် 7ရက်နေ့မတိုင်မှီ၎င်းအနာဂတ်အားဆုံးဖြတ်လို သော်လည်း အချိန်တစ်ခုထိထားရ်အနာဂတ်အားစဉ်စားဆုံးဖြတ်လိုသေးကြောင်းသိရပြီးကစားသမားအနေနှင့် လည်း မန်ယူ နှင့်ကော အသင်းရှိအသင်းဖော်များနှင့်ပါ အဆင်ပြေပြေရှိနေပြီး ရော်နယ်ဒ်ု အနေနှင့်လည်း အသင်း၏လုပ်ဆောင်ချက်များအားလုံးတွင်ပါ‌၀င်နေအုံးမည်ဖြစ်ကြောင်းသိရသည်။

သို့သော် သတင်းအရင်းအမြစ်အားလုံးမှာမူ ရော်နယ်ဒို သည် အသင်းမှလည်း ရာသီသစ်မစတင်မှီတွင်ပင်နှုတ်ထွက်သွားနိုင်သည့်အခြေအနေရှိနေကြောင်းဖော်ပြထားကြောင်းသိရသည်။




ရော်နယ်ဒိုဟာ တနဂ်နွေနေ့က ဗယ်ကာနိုနဲ့ခြေစမ်းပွဲမှာပါ၀င်ကစားခဲ့ပေမယ့် ပထမပိုင်းတစ်ပိုင်းသာ ကစားခဲ့ပြီး ဒုတိယပိုင်းအစမှာပဲ လူစားလဲခံခဲ့ရပါတယ်။




ပထမပိုင်းမှာလည်း ရော်နယ်ဒိုဟာ ဘောလုံး၅ချက်သာထိခွင့်ရခဲ့ပြီး တစ်ကြိမ်သာဂိုးပေါက်ခြိမ်းခြောက်ခွင့်ရကာ တန်ဟန်ရဲ့ကစားကွက်မှာ ပါ၀င်ကစားဖို့ ရုန်းကန်ခဲ့ရပါတယ်။




ရော်နယ်ဒ်ုဟာ မန်ယူအသင်းနဲ့အတူ ယူရိုပါလိဂ်ကိုကန်လိုစိတ်မရှိပဲ ချန်ပီယံလိဂ်၀င်ခွင့်ရထားတဲ့အသင်းကြီးတစ်သင်းကိုသာ ပြောင်းရွေ့ဖို့စိတ်အားထက်သန်နေပြီး သူ့ရဲ့ ချန်ပီယံလိဂ်စံချိန်တွေကို တိုးမြှင့်ချင်နေပါတယ်။ဒါကြောင့် ရော်နယ်ဒိုဟာ ယူရိုပါလိဂ်၀င်ခွင့်သာရတဲ့ နာပိုလီကိုပြောင်းရွေ့ဖို့ ခက်ခဲပါတယ်။




နာပိုလီသာ ရော်နယ်ဒိုကိုခေါ်ယူခွင့်ရခဲ့ရင် ရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့အတူ စီးရီးအေမှာ ၃နှစ်ကြာကစားခဲ့ဖူးတဲ့ အတွေ့အကြုံအရ ရော်နယ်ဒိုဟာ အလျင်အမြန်ပဲအထိုင်ကျသွားမှာဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.