စပိန်အင်အားကြအသင်းကို ပြောင်းရွေ့ဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်တဲ့ တဲလက်စ်

မန်ယူအသင်းဟာ ဒီနွေရာသီမှာ မာလာစီယာ၊အဲရစ်ဆင်နဲ့မာတီနက်ဇ်တို့ကိုခေါ်ယူအားဖြည့်နိုင်ခဲ့ပါတယ်။မာလာစီယာဟာ တောင်ပံမှာအတက်အဆင်းကောင်းကောင်းနဲ့ကစားနိုင်သူဖြစ်ပါတယ်။




ဒါကို ခြေစမ်းပွဲတွေမှာ တွေ့မြင်ခဲ့ရပြီး ဘယ်တောင်ပံမှာ အကောင်းဆုံးပုံစံနဲ့ကစားပြကာ အက်သလက်တီကုအသင်းနဲ့ပွဲမှာဆို အသင်းရဲ့အကောင်းဆုံးကစားသမားတောင်ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ပွဲထွက်ခွင့်အတွက်ထိုက်တန်တဲ့ပုံစံတွေပြသထားတာကြောင့် နေရာတူကစားသားတွေဖြစ်တဲ့ လုခ်ရှောနဲ့ တဲလက်စ်ထဲက တဲလက်စ်က်ုအငှားချဖို့မန်ယူအသင်းကဆုံးဖြတ်ခဲ့ပါတယ်။




ယူနိုက်တက်ဘယ်နောက်ခံလူ တဲလက်စ်သည် ဆီဗီလာ အသင်းသို့အငှားပြောင်းရွှေ့ဖို့ နီးစပ်နေပြီးဖြစ်သည်။ ဆေးစစ်မှု နှင့် အချက်အလက်တစ်ချို့အပြီးသတ်ရန်သာ ကျန်ရှိတော့သည်။




တဲလက်စ်ဟာ မနှစ်ကမန်ယူအသင်းနဲ့အတူ ကစားခွင့်တွေရခဲ့ပေမယ့် ခြေစွမ်းကောင်းပြဖို့တော့ ရုန်းကန်ခဲ့ရပြီး တစ်ချက်တစ်ချက်သာထထကောင်းလေ့ရှိပါတယ်။




ဗယ်ကာနိုနဲ့ ခြေစမ်းပွဲမှာ ခြေစွမ်းကောင်းပြဖို့ ရုန်းကန်ခဲ့ရပြီး ဂိုးသွင်းခဲ့တဲ့အလုံးမှာ ပါ၀င်ပတ်သတ်ခဲ့တာတစ်ခုပဲ ပြောစရာရှိခဲ့ပါတယ်။တဲလက်စ်အပြင် ဘိုင်လီ၊တွန်ဇန်ဘီနဲ့ ဖီးဂျုံးတို့ ၃ယောက်ထဲက ၂ယောက်ုလည်းရောင်းထုသွားမယ်လို့သိရပါတယ်။




မန်ယူအသင်းဟာ လာမယ့် တနဂ်နွေနေ့မှာ ရာသီအဖွင့်ပွဲကို ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ရော်နယ်ဒိုကလည်း အသင်းပြောင်းဦးမှာဖြစ်လို့ ဘယ်သူတွေကိုထပ်ခေါ်ဦးမလဲဆိုတာစောင့်ကြည့်ရဦးမှာပါ။

HH

Leave a Reply

Your email address will not be published.