အသင်းအထက်မှာ ဘယ်သူမှမရှိရဘူးဆိုတဲ့ တန်ဟန်နဲ့ အကျောမခံချင်တဲ့ ရော်နယ်ဒိုရဲ့ တွေ့ဆုံမှုမှာ ရှင်းသွားတဲ့ ရော်နယ်ဒိုအနာဂတ်

မနေ့ကတော့ မန်ယူအသင်းဟာ ဗယ်ကာနိုအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး ၁-၁ ဆိုတဲ့ရလဒ်နဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။မန်ယူအသင်း လူငယ်အများစုနဲ့ ကစားသမားသစ်တွေကိုပွဲထုတ်ခဲ့ပါတယ်။




ဒါ့အပြင် ရာသီကုန်ကတည်းက မန်ယူအသင်းနဲ့မပူးပေါင်းရသေးတဲ့ ရော်နယ်ဒိုဟာ ဒီနေ့ညမှာ ပါ၀င်ကစားခဲ့ပါတယ်။ရော်နယ်ဒိုဟာ မန်ယူအသင်းရဲ့​​ခြေစမ်းပွဲ ၆ပွဲမှာ မနေ့ကကန်တဲ့ ဗယ်ကာနိုနဲ့တစ်ပွဲသာ ပါ၀င်ကစားခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို၀င်လာချိန်မှာတော့ အသင်းရဲ့ ပရိတ်သတ်တွေမှာ ကြိုဆိုသူတွေရှိသလို လှောင်ပြောင်ခဲ့သူများလည်းရှိပါတယ်။

ရော်နယ်ဒိုဟာ ပွဲထွက်ကစားသမားအဖြစ်ပါ၀င်ခဲ့ပြီး တစ်ပွဲလုံးမှာ ၅ချက်သာဘောလုံးက်ုထိခွင့်ရခဲ့သလို တစ်ကြိမ်သာဂိုးပေါက်ကိုခြိမ်းခြောက်ခွင့်ရခဲ့ပါတယ်။တစ်ပွဲလုံးပျောက်နေခဲ့ပြီး တန်ဟန်ရဲ့ကစားကွက်နဲ့အသားမကျခဲ့တဲ့ ရော်နယ်ဒိုကို ပထမပိုင်းခဏလေးနားတဲ့အချိန်မှာ တန်ဟန်က အကြံညာဏ်ပေးမှုတစ်ချို့လုပ်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ဂရုမစိုက်သလိုလုပ်နေခဲ့ပါတယ်။




ဒါကြောင့် ကစားကွက်မှာ အသားမကျသေးတဲ့အပြင် ခြေစွမ်းပျောက်နေခဲ့တဲ့ ရော်နယ်ဒိုကို ဒုတိယပိုင်းအစမှာပဲ အာမတ်ဒီယာလိုနဲ့ လူစားလဲပစ်ခဲ့ပြီး လူစား၀င်ဒီယာလိုက ၀င်ပြီးသိပ်မကြာခင်မှာပဲ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါ့အပြင်​ခြေစွမ်းကောင်းတွေလည်းပြသနိုင်ခဲ့ပါတယ်။




ရော်နယ်ဒိုကတော့ လူစားလဲပြီး သိပ်မကြာခင်မှာ ကွင်းထဲကထွက်ခါပြန်သွားခဲ့ပါတယ်။ရော်နယ်ဒိုနဲ့အတူ ဒါးလော့ဒ်၊ဖာနန်ဒတ်တို့လည်း အတူတူပြန်သွားခဲ့ပြီး နည်းပြကိုယ်တ်ုင်က ပြန်လွှတ်ခဲ့တာလို့သိရပါတယ်။ရော်နယ်ဒိုကတော့ အသင်းကထွက်မယ်လို့ တောင်းဆိုထားသူဖြစ်ပြီး မန်ယူအသင်းလည်း ရောင်းမထုတ်နိုင်ဘူးလ်ု့ ပြောထားတာဖြစ်ပါတယ်။




မနေ့ညကပွဲအရတော့ ရော်နယ်ဒိုကိုလည်း တန်ဟန်က ရှိန်နေမှာမဟုတ်ဘဲ အသင်းရဲ့အထက်မှာဘယ်သူမှမထားဘူးဆ်ုတဲ့အတိုင်း ခြေစွမ်းမပြနိုင်ရင် လူစားလဲခံရမှာဖြစ်ပါတယ်။ရော်နယ်ဒိုကလည်း ဂိုးသွင်းနိုင်စွမ်းရှိသူပီပီတစ်ပွဲလုံးကစားချင်မှာဖြစ်ပြီး အခွင့်အရေးတစ်ခါရရင်တစ်ခါထိထိရောက်ရောက်အသုံးချနိုင်သူဖြစ်ပါတယ်။




ကစားကွက်မှာ ပါ၀င်ပတ်သတ်မှုနည်းသူဖြစ်ပေမယ့် ဂ်ုးရဖို့ အာမခံချက်ကတော့ ပေးနိုင်သူဖြစ်ပါတယ်။နှစ်ယောက်လုံးကတော့ ဘယ်သူမှအလျော့ပေးမှာမဟုတ်တာကြောင့် ရော်နယ်ဒိုအနေနဲ့ ချန်ပီယံလ်ဂ်၀င်ခွင့်ရအသင်းတစ်သင်းစီပြောင်းသွားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ရော်နယ်ဒိုကလည်း တန်ဟန်လက်အောက်မှာ မန်ယူနဲ့အတူယူရိုပါလိဂ် ကစားလိုစိတ်မရှိလို့သာ အခုလို ပေါ့ပျက်ပျက်လုပ်နေတာဖြစ်နိုင်ပါတယ်။

crd

Leave a Reply

Your email address will not be published.