မနေ့ကပွဲမှာ အတွဲအဖက်မိနေတဲ့ ကစားသမားနှစ်ယောက်ကို အထူးချီးကျူးခဲ့တဲ့ တန်ဟန်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညကတော့ ဒီနွေရဲ့ နောက်ဆုံးခြေစမ်းပွဲအဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ စပိန် ကလပ် ရေယို ဗယ်လက်ကာနို အသင်းနဲ့ ရင်ဆိုင််ခဲ့ရပြီး တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ရပါတယ် ။




ဒီနေ့ပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က အက်သလက်တီကို မက်ဒရစ် နဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှ ပွဲထွက် ကစားသမားတွေကို အနားပေးခဲ့ပြီး ပွဲကစားချိန် မိနစ် နည်းပါးသူ ၊ လူငယ် ကစားသမားတွေကိုသာ ပွဲထွက် ကစားစေခဲ့ပါတယ် ။

အဲ့ဒီမှာတော့ ယူနိုက်တက် အသင်းအတွက် ပြန်လည် ကစားပေးခဲ့တဲ့ ရော်နယ်ဒို ဟာ တိုက်စစ်မှာ ဂါနာချို ၊ အဲရစ်ဆင် ၊ တာဟစ်ချောင် တို့နဲ့ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ် ။ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ခံစစ် နေရာမှာတော့ ဒွန်နီ ဗန်ဒီ ဘိခ် နဲ့ ဂျိမ်းစ် ဂါနာတို့ ပွဲထွက်လာခဲ့ကြပါတယ် ။ခံစစ်မှာတော့ အဲရစ် တန်ဟတ် က အီသန် လဲ့ယာ့ဒ် ၊ ရာဖေးလ် ဗာရန်း နဲ့ အဲလက်စ် တဲလက်စ် တို့ကို ကစားသမားသစ် လီဆန်ဒရို မာတီနက်ဇ်နဲ့ တွဲဖက် ကစားစေခဲ့ပါတယ် ။ အဲ့ဒီနောက် ဂိုးသမား နေရာမှာတော့ တွမ်ဟီတန် ကို ပွဲထွက် ကစားစေခဲ့ပါတယ် ။




ခံစစ်မှာတော့ အဲရစ် တန်ဟတ် က အီသန် လဲ့ယာ့ဒ် ၊ ရာဖေးလ် ဗာရန်း နဲ့ အဲလက်စ် တဲလက်စ် တို့ကို ကစားသမားသစ် လီဆန်ဒရို မာတီနက်ဇ်နဲ့ တွဲဖက် ကစားစေခဲ့ပါတယ် ။ အဲ့ဒီနောက် ဂိုးသမား နေရာမှာတော့ တွမ်ဟီတန် ကို ပွဲထွက် ကစားစေခဲ့ပါတယ် ။




ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာတော့ နှစ်ဖက် အသင်းဟာ ဂိုးမသွင်းနိုင်ခဲ့ပဲ 0 – 0 နဲ့ ပြီးဆုံးသွားခဲ့ရပါတယ် ။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက် အတွက် အာမတ် ဒီယာလို ဗယ်လက််ကာနို အတွက် ဂါစီယာ က ဂိုးသွင်းယူပေးခဲ့တဲ့အတွက် ပွဲစဥ်ဟာ 1 – 1 ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံးသွားခဲ့ရပါတယ် ။




အဆိုပါ ပွဲစဥ်အပြီးမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ခံစစ်မှာ ပထမဆုံးအကြိမ် ပူးတွဲကစားခဲ့ကြတဲ့ ဗဟို ခံစစ်မှူး ရာဖေးလ် ဗာရန်း နဲ့ လီဆန်ဒရို မာတီနက်ဇ် တို့ရဲ့ ခံစစ် အတွဲကို ချီးကျူး စကားဆိုသွားခဲ့လိုက်ပါတယ် ။” ဒါဟာ ရာဖာ နဲ့ တကယ့်ကို ကောင်းမွန်စွာ ပူးတွဲ ကစားနိုင်ခြင်း ဖြစ်ခဲ့တယ်လို့ ကျွန်တော် တွေးပြီး သူတို့ နှစ်ဦး မာကျောစွာ ကစားနိုင်ခဲ့ကြတယ်လို့ ထင်မိပါတယ် ။ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ ပူးပေါင်း ကစားပုံပါပဲ ”




” မာတီနက်ဇ် နဲ့ ပတ်သက်လို့ မေးစရာ မေးခွန်း တစ်ခုက သူ့ကို အသင်းမှာ ဘယ်လို ထည့်သွင်း ကစားစေမလဲ ဆိုတာပါပဲ ။ သူဟာ အသင်းမှာ ကောင်းကောင်း အံဝင်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ တန်ဟတ် က ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ် ။အဆိုပါ ပွဲစဥ်မှာတော့ မာတီနက်ဇ် ဟာ ယုံကြည် စိတ်ချလို့ရနိုင်တဲ့ ခြေစွမ်းမျိုးကို ပြသသွားနိုင်ခဲ့ပြီး အသင်းဖော် ဖြစ်သူ ရာဖေးလ် ဗာရန်း ထက်တောင် ပိုကောင်းအောင် ကစားပေးနိုင်ခဲ့ပါသေးတယ် ။ ဒါ့အပြင် သူ့ရဲ့ လှုပ်ရှားမှုတွေနဲ့ ဘောလုံး ပေးပို့မှုတွေလည်း အားရစရာ ဖြစ်ခဲ့ရပါတယ် ။

crd

Leave a Reply

Your email address will not be published.