ပထမဆုံးအဖွင့်ပွဲမှာ အနိုင်ရလဒ်ကို comebackနဲ့ဖော်တောင်နိုင်ခဲ့တဲ့ ၀ိန်းရွန်းနီ

ဝိန်းရွန်းနီဟာအမေရိကန်မေဂျာလိဂ်ကလပ်ဒီစီယူနိုက်တက်ကိုကိုင်တွယ်တဲ့ပထမဆုံးပွဲစဉ်တွင်အနိုင်ဖြင့်စတင်နိုင်ခဲ့ပါတယ်။အင်္ဂလန်နှင့်ယူနိုက်တက်ဂန္ထဝင်တိုက်စစ်ဝိန်းရွန်းနီရဲ့ဒီစီယူနိုက်တက်ဟာအော်လန်ဒိုစီးတီးကို၂-၁ဂိုးဖြင့်အနိုင်ရယူနိုင်ခဲ့ပါတယ်။




ဂျူနီယာအာဆိုရဲ့ဂိုးဖြင့်အော်လန်ဒိုစီးတီးဟာပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အချိန်ပိုတွင်ခရစ်ဒါကင်နှင့်ထဇီယာခရစ်ဖွန်တက်စ်တို့ကချေပဂိုးနှင့်အနိုင်ဂိုးတို့သွင်းယူမှုနဲ့အတူ ဒီစီယူနိုက်တက်တို့၂-၁ဖြင့်အနိုင်ရခဲ့ပါတယ်။

ဝိန်းရွန်းနီဟာပြီးခဲ့တဲ့လကတည်းကဒီစီယူနိုက်တက်နည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပေမဲ့ အလုပ်လုပ်ခွင့်ပါမစ်ရရှိအောင်စောင့်ဆိုင်းနေခဲ့ရတာလည်းဖြစ်ပါတယ်။ဒီစီယူနိုက်တက်ဟာအရှေ့ပိုင်းကွန်ဖရင့်တွင်ငါးပွဲကစားထားရာမှာပထမဆုံးနိုင်ပွဲရခဲ့တာဖြစ်ပြီးအမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်နေပါတယ်။




ပွဲအပြီးတွင်ရွန်းနီက “ဒီပွဲအနိုင်ရမယ်လို့ယုံကြည်နေခဲ့တယ်။ဒါပေမဲ့တစ်ခုရှိနေခဲ့တာကကျွန်တော်တို့ဘက်ကတင်ပိုမြှင့်ဖို့ပါ။ပထမပိုင်းမှာအသင်းကိုအပြုသဘောတွေးဖို့ဆက်ကြိုးစားဖို့ပြောခဲ့တယ်။




ဒုတိယပိုင်းမှာကောင်းခဲ့တယ်လို့ထင်ပါတယ်။ကစားသမားတွေဒါတွေလိုအပ်နေတာပါ။ဒီရာသီကအခုမှစတာပါ။သူတို့ဟာပထမရာသီဝက်တုန်းကရလဒ်ဆိုးခဲ့ကြတယ်”လို့ပြောကြားသွားပါတယ်။




ဝိန်းရွန်းနီဟာကစားသမားဘဝတုန်းကဒီစီယူနိုက်တက်တွင်၁၈လကြာကစားခဲ့သူလည်းဖြစ်ပါတယ်။




သူဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ဒါဘီကောင်တီနည်းပြရာထူးမှနုတ်ထွက်ပြီးနောက်ဒီစီယူနိုက်တက်ကိုကိုင်တွယ်လာခဲ့တာလည်းဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.