အေတီကိုအသင်းရဲ့ကစားပုံကို​ေ၀ဖန်ခဲ့ပြီး မန်ယူအသင်းရဲ့ကောင်းတဲ့သူနဲ့ညံ့တဲ့သူတွေကို ခွဲခြား​ေ၀ဖန်ခဲ့တဲ့ တန်ဟန်

မန်ချက်စတာယူနိုက်တက်အသင်းက လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မိမိတို့ အသင်းသားတွေရဲ့ ခြေစွမ်းဟာ လက်ခံနိုင်စရာမဟုတ်ကြောင့် ပွဲအပြီးမှာ နည်းပြ အဲရစ် တန်းဟက်ဂ်က ပေါက်ကွဲသွားခဲ့ပါတယ်။




သရဲနီတို့ဟာ ဂျိုရာအိုဖီးလစ်ရဲ့ နောက်ကျသွင်းဂိုးကြောင့် (၁-၀) ရလဒ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားဖြစ်သူ ဖရက်ဒ်ကလည်း နှစ်ဝါတစ်နီထိခဲ့တာကြောင့် ယူနိုက်တက်တို့ဟာ ကစားသမား ၁၀ ယောက်ထဲနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

သရဲနီတို့ဟာ နော်ဝေးမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ အခွင့်အရေးကောင်းတွေအအများကြီးရခဲ့ပေမယ့် အန်သိုနီ မာရှယ်၊ မားကပ်စ် ရက်ဖိုဒ့်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့က အက်သလက်တီကို မက်ဒရစ်ဂိုးသမား အော့ဘလတ်ကို မကျော်နိုင်ခဲ့တာဖြစ်ပါတယ်။




ပွဲအပြီးမှာ နည်းပြတန်းဟက်ဂ်က ဒီပွဲကို ရှုံးနိမ့်ခဲ့ရတဲ့အတွက် မပျော်ရွှင်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ သူက – “ ဒီလို ပြိုင်ဆိုင်မှု ပြင်းထန်ရတာမျိုးကို ကျနော် သဘောကျပါတယ် ဒါက လေးစားသမှုနဲ့ ပြောတာပါ ပြီးတော့ ဒဏ်ရာတွေ ရတာမျိုးကိုတော့ ကျနော် သဘောမကျပါဘူး




ဒါကြောင့်ပဲ ကျနော်တို့ကစားသမားတွေဟာ အချင်းချင်းလေးစားသမှုနဲ့ ကစားသင့်တာပါ တစ်ချို့ ဖျက်ထုတ်ပုံတွေက သတ်မှတ်ထားတာထက် ပိုနေပါတယ် ပွဲအပြီးမှာတော့ ကျနော်တို့ သင်ခန်းစာအများကြီးရခဲ့ပါတယ်




အရေးကြီးတာက ပွဲကို အနိုင်ရဖို့ပါပဲ ကျနော်တို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး အခွင့်အရေးတွေ ဖန်တီးနိုင်ပြီးဆိုရင် ဒါကို အသုံးချနိုင်ဖို့လိုပါတယ် ကျနော်တို့တွေ အခွင့်အရေးများစွာဖန်တီးနိုင်ခဲ့ပါတယ် အနည်းဆုံးတော့ တစ်ဂိုးလောက်ရသင့်ခဲ့ပေမယ့် တစ်ဂိုးမှ မရခဲ့ပါဘူး သူတို့အသင်းကတော့ အခွင့်အရေးနည်းနည်းလေးနဲ့ ဂိုးရခဲ့ပါတယ်




ဒီပွဲရဲ့ ခြေစွမ်းကို ကျနော် မကျေနပ်ပါဘူး လက်လည်း မခံပါဘူး ဂိုးဧရိယာထဲမှာ အသုံးကျဖို့လိုပါတယ် အဲရစ်ဆန် ဘာတွေလုပ်နိုင်လဲဆိုတာ ကျနော်တို့သိပါတယ် သူက မှန်ကန်တဲ့ ပေးပို့မှုတွေကို ချိန်သားကိုက်ပြုလုပ်နိုင်သူပါ ဒီတော့ သူက ဂိုးဖန်တီးမှုတွေ ပြုလုပ်ပါတယ် ဒါပေမယ့် အသင်းဖော်တွေက အဆုံးမသတ်နိုင်ခဲ့ပါဘူး” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.