အသင်းကထွက်မယ်တကဲကဲလုပ်နေတဲ့ ရော်နယ်ဒိုကို ဘာလုပ်သင့်လဲဆိုတာ ပြောပြခဲ့တဲ့ သရဲနီဟောင်း ဂျပ်စတန်း

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်းဖြစ်သူ ဂျက်စတန်းက ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ ယခုအခြေအနေဟာ ဒီလိုပဲဆက်ကြာရှည်နေအုန်းမယ်ဆိုရင် အသင်းအတွက် ပြဿနာဖြစ်စေနိုင်လိမ့်မယ်လို့ ယုံကြည်တာကြောင့် ရိုနယ်ဒိုရဲ့ အနာဂါတ်ကို အမြန်ဆုံး ဆုံးဖြတ်ချက်ချသွားဖို့ အကြံပေးပြောဆိုလာပါတယ်။




ရိုနယ်ဒိုဟာ အင်္ဂါနေ့တုန်းကယူနိုက်တက်အကြီးအကဲတွေနဲ့ တွေ့ဆုံကစားပြောခဲ့ပေမယ့်၊ ဒီနွေရာသီမှာ အသင်းကနေ ထွက်ချင်နေဆဲဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ထို့အတွက်ကြောင့် မန်ယူခံစစ်ကစားသမားဟောင်း ဂျက်စတန်းက တန်ဟန့်အနေနဲ့ အသင်းမှာ သူ့ရဲ့ ပထမရာသီအတွက် ပြင်ဆင်နေတာကြောင့် ရိုနယ်ဒိုရဲ့ ပြဿနာကို အလျှင်အမြန်ဖြေရှင်းဖို့က အရေးကြီးကြောင်းယုံကြည်နေပါတယ်။

“ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ကျွန်တော် မသိပါဘူး၊ ဒါပေမယ့် ရိုနယ်ဒိုက အသင်းကနေ ထွက်ပြီး နောက်ရာသီ တစ်ခြားနေရာမှာ ကစားချင်တာဟာ ရှက်ဖို့ကောင်းပါတယ်။ ကစားသမားတစ်ဦးက ထွက်ချင်တယ်လို့ ပြောရင်၊ အဲ့ဒါက နည်းပြအတွက်၊ အသင်းအတွက်၊ အထူးသဖြင့် ပရိသတ်တွေအတွက် လက်ခံဖို့ ခက်ရင်တောင် ”




“ အခြေအနေကို အကြာကြီးဆွဲမထားသင့်ပါဘူး။ ယူနိုက်တက်အနေနဲ့ ဆုံးဖြတ်ချက်အမြန်ချပြီး သူ့ရဲ့ ထွက်ခွာမှုအတွက် ဖြေရှင်းဖို့ နည်းလမ်းအမြန်ဆုံးရှာသင့်ပါတယ်။ နည်းပြက အသင်းကို တည်ဆောက်ရမယ်ဆိုရင် ဘယ်သူတွေနဲ့ အလုပ်တွဲလုပ်ရမယ်ဆိုတာကို နားလည်သင့်ပါတယ်။ ရာသီကြိုကာလ ခြေစမ်းပွဲတွေမှာကော၊ ထရိမ်နင်မှာကော မပါဝင်ထားပြီး ”




“ နွေရာသီတစ်ခုလုံး အသင်းပြောင်းချင်တယ်ဆိုပြီး အော်နေတဲ့ ကစားသမားက အသင်းအတွက် ပြဿနာဖြစ်စေပါလိမ့်မယ်။ တိုက်စစ်ကစားသမားအသစ်မရှိဘူးဆိုရင်၊ မန်ယူက ရိုနယ်ဒိုကို ဆုံးရှုံးချင်မာ မဟုတ်ဘူးဆိုတာ နားလည်ပါတယ်၊ ဘာလို့လဲဆိုတော့ ရိုနယ်ဒိုက အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်နေနိုင်သေးတာကြောင့်ပါ။ ရိုနယ်ဒိုအနေနဲ့ ”




“ ဘာဖြစ်ချင်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပြဖို့ လိုပြီး၊ မန်ယူဘက်ကလည်း ဆုံးဖြတ်ချက်အမြန်ဆုံးချဖို့ လိုပါတယ်။ သူ အသင်းကနေ ထွက်သွားချင်တာက ရှက်ဖို့ကောင်းတယ်လို့ ထင်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်က သူ့ကို ဒီရာသီမှာ တန်ဟန့်နဲ့အတူ တွဲမြင်ချင်တာကြောင့်ပါ၊ ဒါပေမယ့် အဲ့ဒါက ဖြစ်လာလိမ်မယ်လို့ ကျွန်တော် မထင်တော့ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။




ဒီနေ့ည ၉:၃၀မှာတော့ မန်ယူအသင်းနဲ့အတူ ရော်နယ်ဒိုဟာ နောက်ဆုံးခြေစမ်းပွဲဖြစ်တဲ့ ဗယ်ကာနိုနဲ့ပွဲစဥ်ကို ပါ၀င်ကစားမှာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ခြေစမ်းပွဲ ၆ပွဲထိပါ၀င်ကစားခဲ့ခြင်းမရှိပဲ အင်္ဂါနေ့မှအသင်းနဲ့အတူ လေ့ကျင့်ရေးတွေစလုပ်ခဲ့တာဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.