တိုက်စစ်မှူးတစ်ဦးကိုခေါ်ယူလိုနေသော မန်ယူသည် ဆောလ်ဘတ်အသင်းတိုက်စစ်မှူ ဆက်စ်ကိုနှင့် စတုဂတ်အသင်းတိုက်စစ်မှူး ကလိုက်ဇစ်တို့ကိုခေါ်ယူရန်ပစ်မှတ်ထားနေသည်။
စတုဂတ်အသင်း၏ ဩစတြီးယားလက်ရွေးစင် ကလိုက်ဇစ်သည် အရပ် ၆ ပေ ၇ လက်မမြင့်ပြီး တန်ကြေးပေါင် ၁၇ သန်းခန့်ရှိသည်။
မန်ယူအသင်းတာဝန်ရှိသူများသည် ဆလိုဗေးနီးယားလက်ရွေးစင် အသက် ၁၉ နှစ်အရွယ်ရှိ ဆက်စ်ကို၏ အေးဂျင့်ဖြစ်သူနှင့်ပြီးခဲ့သည့် ရက်ပိုင်းတွင် စကားပြောဆိုခဲ့ပြီး ၎င်း၏တန်ကြေးမှာပေါင် ၅၅ သန်းခန့်ရှိသည်။
မန်ယူတွင် ရော်နယ်ဒို၏ အနာဂတ်မရေမရာဖြစ်နေသလို အိုင်းယက်စ်မှ အန်ထော်နီ၏ တန်ကြေးကလည်း ပေါင်သန်း ၈၀ ခန့်ရှိနေခြင်းကြောင်းအခြားဈေးသက်သာသည့် ကစားသမားသစ်များ ကိုရှာဖွေနေခြင်းဖြစ်သည်။
ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုသည် အသင်းဟောင်းစပို့တင်းကို ပြန်ရန်ရှိသည်ဟု သတင်းများထွက် ပေါ်နေသော်လည်း စနေနေ့က စတင်၍အသင်းနှင့်အတူလေ့ကျင့်ရေးပြန်ဆင်းနေပြီ ဖြစ်သည်။
ယနေ့ညကစားမည့် ရီးရဲဗယ်လီကာနိုနှင့်ပွဲစဉ်တွင် ရော်နယ်ဒိုသည်ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့သည်။မန်ယူအသင်းကလည်း ရော်နယ်ဒိုကိုမရောင်းဘူးလို့ပြောဆိုထားပါတယ်။
မန်ယူသည် အသင်း၏နည်းပြအဖွဲ့တွင် အသက် ၄၄ နှစ်အရွယ်ရှိ ဘန်နီမက်ကာသီကို ထပ်မံအားဖြည့်ရန်လည်းကြိုးစားနေသည်။ မန်ယူသည် ယခုနှစ် အပြောင်းအရွှေ့ကာလအတွင်းတွင် မာတီနက်ဇ်၊ အဲရစ်ဆင်နှင့် မာလာစီးယားတို့ကိုခေါ်ယူထားသည်။
crd