နောက်ဆုံးခြေစမ်းပွဲမှ ပါ၀င်ကစားမယ့် ရော်နယ်ဒိုကို သတိပေးစကားပြောခဲ့တဲ့ တန်ဟန်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်းဟက်ဂ်က ရေယိုဗလီကာနိုနဲ့ ကစားမယ့် ရာသီကြိုခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုကို အသုံးပြုသွားမှာဖြစ်ကြောင်း အတည်ပြုပေးလိုက်ပါတယ်။ အဆိုပါပွဲမှာ ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ ကစားဟန်မှာ ဘယ်လောက်ထိ ကစားနိုင်မလဲဆိုတာ စောင့်ကြည့်သွားမယ်လို့လည်း သူက ဆိုပါတယ်။




ပေါ်တူဂီကစားသမားဟာ ယခုအပတ်ကမှ အသင်းနဲ့အတူတူ လေ့ကျင့်ခန်းလာရောက်ဆင်းခဲ့တာဖြစ်ပါတယ်။ သူဟာ မိသားစုပြဿနာတွေကြောင့် အားလပ်ရက်ပိုယူထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ယူနိုက်တက် ကျောနံပါတ် (၇) ကစားသမားဟာ ပြီးခဲ့တဲ့ရက်တွေ့မှာတော့ သူ့ရဲ့ ကြံ့ခိုင်မှုတွေ အတွက် အပြင်းအထန်လေ့ကျင့်ခဲ့ကာ မနေ့ကလည်း အသင်းဖော် လူငယ်ကစားသမားတွေနဲ့ လေ့ကျင့်ခန်းဆင်းနေပုံကို လူမှုကွန်ရက်ပေါ်တင်ခဲ့တာဖြစ်ပါတယ်။




အော်စလိုမှာ အက်သလက်တီကို မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံတကာမီဒီယာနဲ့တွေ့ဆုံစဉ် တန်းဟက်ဂ်က – “ ရေယိုဗလီကာနိုနဲ့ပွဲမှာ သူပါဝင်လာမှာပါ သူ ကြံ့ခိုင်မှု ဘယ်လောက်ကောင်းလဲ ဘယ်လောက်ကြာကြာ ကစားနိုင်မလဲ ကျနော်တို့ စောင့်ကြည့်ကြပါမယ်




အက်သလက်တီကိုနဲ့ပွဲမှာ ပွဲထွက် ကစားခဲ့တဲ့ ကစားသမားတွေအနေနဲ့ ရေယိုနဲ့ပွဲမှာ ပါဝင်လာမှာမဟုတ်ပါဘူး ဒီပွဲကို ပွဲထွက် ကစားသမား ၁၁ ယောက်ကို လုံးဝပြောင်းလဲ အသုံးပြုသွားမှာပါ လူစားဝင် ကစားထားတဲ့ ကစားသမားတွေကိုတော့ အသုံးပြုသွားပါမယ်




အရေးကြီးတာက ပွဲကို အနိုင်ရဖို့ပါပဲ ကျနော်တို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး အခွင့်အရေးတွေ ဖန်တီးနိုင်ပြီးဆိုရင် ဒါကို အသုံးချနိုင်ဖို့လိုပါတယ် ကျနော်တို့တွေ အခွင့်အရေးများစွာဖန်တီးနိုင်ခဲ့ပါတယ် အနည်းဆုံးတော့ တစ်ဂိုးလောက်ရသင့်ခဲ့ပေမယ့် တစ်ဂိုးမှ မရခဲ့ပါဘူး




သူတို့အသင်းကတော့ အခွင့်အရေးနည်းနည်းလေးနဲ့ ဂိုးရခဲ့ပါတယ် အက်သလက်တီကိုနဲ့ပွဲက ခြေစွမ်းကို ကျနော် မကျေနပ်ပါဘူး လက်လည်း မခံပါဘူး” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.