ကစားသမားသစ်နှစ်ဦးမှာ တစ်ဦးက ထူးထူးခြားခြားကိုကောင်းမွန်နေလို့ ပွဲထွက်ခွင့်ပါ အပြည့်အ၀သိမ်းပိုက်နိုင်ဖို့ရှိနေ

မနေ့က ကစားတဲ့ အေတီကိုနဲ့ပွဲမှာ မန်ယူအသင်းဟာ ပွဲကိုထိန်းချုပ်ကာ အကောင်းဆုံးပုံစံနဲ့ကစားနိုင်ခဲ့ပေမယ့် ဂျာအိုဖီးလစ်ရဲ့ နောက်ကျသွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့ပါတယ်။




ဆန်ချိုကတော့ နေသိပ်မကောင်းလို့ မပါ၀င်ခဲ့တာလို့သိရပြီး ဆန်ချိုမပါတဲ့ ယူနိုက်တက် တိုက်စစ်က ဆားမပါတဲ့ ဟင်းလိုဖြစ်ခဲ့ပါတယ်။ ကစားသမားသစ် ခရစ်ရှန် အဲရစ်ဆင်ထံကနေလည်း ကောင်းမွန်တဲ့ ပေးပို့မှုအချို့ မြင်တွေ့ခဲ့ရပါတယ်။

ခြေစမ်းပွဲဖြစ်ပေမယ့် အေတီကိုအသင်းက အရေးကြီးပွဲတစ်ပွဲလိုကစားသွားပြီး အေတီကိုရဲ့ကစားဟန်ဖြစ်တဲ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ခံစစ်ကစားဟန်ကို အပြည့်အ၀ပုံဖော်ကာ ပထမပိုင်းမှာတင် ပြဿနာခဏခဏတက်ခဲ့ပါတယ်။




ဒါပေမယ့် အဆိုပါ ပွဲစဥ်မှ မာလာစီယာရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေက အံ့အားသင့်စရာကောင်းနေပါတယ်။ ဘယ်အစွန်နောက်ခံလူဟာ ဘောလုံးယှဥ်လုယူမှု (  tackles) ပိုင်းမှာ ရာနှုန်းပြည့် အောင်မြင်ခဲ့သလို ဘောလုံးပေးပို့ရာမှာလည်း ( ၉၀ ) ရာခိုင်နှုန်း တိကျခဲ့ပါတယ်။




( ၅၇ ) ကြိမ် ပေးပို့ရာမှာ ( ၅၁ ) ကြိမ်ထိ လိုရာပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ( ၇ ) ကြိမ် အနိုင်ရခဲ့သလို အခွင့်အရေး ဖန်တီးမှု ( ၁ ) ကြိမ် နှင့် ဂိုးကန်သွင်းမှု ( ၁ ) ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါသေးတယ်။




ဒါဟာကစားသမားသစ်တစ်ယောက်အနေနဲ့အကောင်းဆုံးပုံစံပြသနိုင်ခဲ့တာအားရစရာဖြစ်ပြီးလုခ်ရှောအနေနဲ့ နေရာပျောက်တော့မှာလားဆိုတာ စိတ်၀င်စားစရာပါ။




ဖာနန်ဒတ်နဲ့ရက်ဖို့ဒ်တို့ကတော့ အေတီကိုလို ခပ်ကြမ်းကြမ်းကစားတဲ့အသင်းနဲ့တွေ့ရင် ​ရုန်းကန်ရလေ့ရှိပြီး မနေ့ညကပွဲမှာ သူတို့နှစ်ယောက်က အညံ့ဆုံးလောက်ဖြစ်ခဲ့ပါတယ်။ဒီနေ့ည ၉နာရီခွဲမှာတော့ ဗယ်ကာနိုအသင်းနဲ့ ခြေစမ်းပွဲကစားရမှာဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.