ကစားကွက်အသာနဲ့ သရေကျခဲ့တဲ့ ပွဲမှာ ရော်နယ်ဒိုနဲ့တန်ဟန် ထိပ်တိုက်တွေ့၊ခြေစွမ်းပြခဲ့တဲ့ ကစားသမားများ (ပွဲပြီးသုံးသပ်ချက်)

မန်ယူအသင်းဟာ ၉နာရီခွဲမှာဗယ်ကာနိုအသင်းနဲ့ ရင်ဆိုင်ယှဥ်ပြိုင်ခဲ့ပါတယ်။မန်ယူအသင်းကတော့၄-၂-၃-၁ကစားကွက်ကိုအသုံးပြုလာပြီး ဂိုးသမားနေရာမှာ တွန်ဟိတန်၊ဗဟိုခံစစ်မှာ မာတီနက်ဇ်နဲ့ဗာရန်းက်ုတွဲဖက်ပေးခဲ့ပြီး တောင်ပံမှာတော့ လာရစ်နဲ့ တဲလက်စတို့ကိုပွဲထုတ်ခဲ့ပါတယ်။




ကွင်းလယ်မှာတော့ ဂျမ်းစ်ကာနာ၊ဗန်ဒီဘိခ်နဲ့ အဲရစ်ဆင်၊ဂါနာချ်ုနဲ့ တာဟစ်ချောင်တ်ု့ကိုပွဲထုတ်ခဲ့ပြီး အထောင်တိုက်စစ်မှာတော့ ရော်နယ်ဒိုကိုပွဲထုတ်ခဲ့ပါတယ်။မန်ယူအသင်းဟာ ပွဲစတာနဲ့တ်ုက်စစ်က်ုအားပြုကစားခဲ့ပြီး ဗယ်ကာနိုအသင်းကလည်း ပြိုင်ဖက်ကိုဖိအားပေးကစားတဲ့ပုံက်ုအကောင်းဆုံးကစားကာ မန်ယူအသင်းကိုဖိအားပေးကစားခဲ့ပါတယ်။

ဒါပေမယ့် မန်ယူအသင်းရဲ့ ဗန်ဒီဘိခ်နဲ့ အဲရစ်ဆင်ရဲ့ တွဲဖက်မှုက ဗယ်ကာနိုအသင်းကို တော်တော်လေးက်ုခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးရှေ့ရောက်ရင်တော့ ပျက်ပျက်သွလေ့ရှိပါတယ်။ဗန်ဒီဘိခ်ရဲ့ဖန်တီးပေးမှုကဆင့် ရော်နယ်ဒိုကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးပေါ်ကျော်သွားခဲ့ပါတယ်။




တာဟစ်​ေချာင်ကတော့ စိတ်ပျက်စရာကောင်းလောက်အောင်ကို ညံ့နေပြီး သူ့စီရောက်လာတဲ့အလုံးတွေကို အလွယ်တကူအပျက်ခံနေသလို ဂိုးသွင်းခွင့်ကိုလည်း ဖြုန်းတီးပစ်ခဲ့ပါသေးတယ်။ဗာရန်းနဲ့မာတီနက်ဇ်ကတော့ ဗယ်ကာနိုရဲ့တိုက်စစ်က်ုကောင်းကောင်းထိန်းချုပ်ထားနိုင်ပြီး အပိုင်အခွင့်အရေးတွေမပေးရအောင်ထိန်းချုပ်ပြထားနိုင်ပါတယ်။ပထမပိုင်းမှာတော့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။မန်ယူအသင်းရဲ့ ခြေစမ်းပွဲ ၇ပွဲမှာ နောက်ဆုံးပွဲဖြစ်တဲ့ ဗယ်ကာနိုနဲ့ပွဲတစ်ပွဲသာ၀င်ကစားတဲ့ ရော်နယ်ဒိုကတော့ ပထမပိုင်းမှာ ဘောလုံး၅ကြိမ်သာထိခဲ့ရပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတစ်ကြိမ်သာလုပ်နိုင်ကာ ဒုတိယပိုင်းအစမှာတင်လူစားလဲခံလိုက်ရပါတယ်။




ဒုတိယပိုင်းအစမှာပဲ ဗန်ဒီဘိခ်ရဲ့ ဖိအားပေးမှုကြောင့် ဗယ်ကာနိုနောက်တန်းရဲ့အမှားကတဆင့် တဲလက်စ်ရဲ့အပြင်းကန်သွင်းမှုကို ဗယ်ကာနိုဂိုးသမားက အမိမဖမ်းနိုင်ပဲ လွတ်သွားတဲ့အလုံးက်ု ရော်နယ်ဒိုအစား၀င်လာတဲ့ ဒီယာလိုကအနီးကပ်ပိတ်သွင်းပြီး မန်ယူအသင်းအတွက် ဦးဆောင်ဂိုးရယူပေးသွားပါတယ်။




၁၀မိနစ်အကြာမာပဲ ဗယ်ကာနိုအသင်းတိုက်စစ်မှူးရဲ့ကန်ချက်ကို တွန်ဟိန်တန် ကာကွယ်ရာမှထွက်လာတဲ့ဘောလုံးက်ု ဂါစီယာက အနီးကပ်အပိုင်ပိတ်သွင်းကာ ဗယ်ကာနိုအသင်ူအတွက်ချေပဂိုးကိုရယူသွားခဲ့ပါတယ်။




ပွဲကတော့ မြိုင်ခဲ့ပြီး အပြန်အလှန်တိုက်စစ်တွေနဲ့ကြည့်ကောင်းခဲ့ပါတယ်။ဒီယာလိုရဲ့ဖန်တီးမှုကတဆင့် ဇီဒန်း အစ်စဘယ်လ် ဧရိယာထိပ်ကကန်သွင်းခဲ့ပေမယ့် မဆ်ုစလောက်လေးလွဲချော်သွားခဲ့ပါတယ်။ပွဲအပြီးမှာတော့ မန်ယူအသင်းက ၁-၁ ဆိုတဲ့ရလဒ်နဲ့ သရေကျခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.