အာဆင်နယ်ကိုငြင်းပြီး မန်ယူအသင်းကို ရွေးချယ်ခဲ့တဲ့ အဓိအကြောင်းရင်းကို ပြောပြခဲ့တဲ့ မာတီနက်ဇ်

မန်ချက်စတာယူနိုက်တက်ကစားသမားသစ်ဖြစ်သူ လီဆန်ဒရို မာတီးနက်ဇ်က သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲက တစ်ခုကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။




မန်ယူအသင်းဟာ နည်းပြ တန်ဟန့်ရဲ့ လက်အောက်မှာ သုံးရာသီ ကစားခဲ့ဖူးတဲ့ မာတီးနက်ဇ်ကို ခေါ်နိုင်ဖို့အတွက် ယူရို ၆၇.၃ သန်း ( ပေါင် ၅၆.၂ သန်း ) ကုန်ကျခဲ့တာဖြစ်ပြီး

အာဆင်နယ်အသင်းရဲ့ ပြိုင်ဆိုင်မှုတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ ဒါပေမယ့် မာတီးနက်ဇ်က သူ့ရဲ့ အမြဲတမ်းဦးစားပေး ပထမဦးတည်ရာအသင်းဟာ မန်ယူအသင်းဖြစ်ကြောင်း ပြောဆိုလာပါတယ်။ မန်ယူအသင်းဆီ ပြောင်းဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲလို့ မေးတဲ့အခါ မာတီးနက်ဇ်က “ မန်ယူက ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ် ”




“ ကစားသမားတိုင်းက ဒီမှာ ကစားချင်ကြပါတယ်။ ကျွန်တော့်အတွက် အခွင့်အရေး ရှိနေခဲ့တယ်၊ ဒီတော့ ယူခဲ့တယ်၊ အခုတော့ ဒီမှာ ရှိနေရတဲ့အတွက် ပျော်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။ မန်ယူအသင်းမှာ တန်ဟန့်ရှိနေတဲ့အတွက် လွှမ်းမိုးမှုအပိုင်းကို မေးတဲ့အခါ မာတီးနက်ဇ်က “ အေဂျက်မှာတုန်းက သူနဲ့ ကျွန်တော် သုံးနှစ်တောင် ရှိခဲ့တာပါ၊ သူ့ရဲ့ ကစားကွက်ကို ”




“ ကျွန်တော် သိပါတယ်။ အမှန်တိုင်းပြောရရင် သူ့ကြောင့် ကျွန်တော် အများကြီး တိုးတက်လာတာပါ။ သူက အခု မန်ချက်စတာမှာ ရှိနေတယ်၊ ဒီတော့ ကျွန်တော့်အတွက် အခွင့်အရေးကလည်း ရှိနေပြန်တယ်၊ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ သူက သေချာပေါက် အရမ်းအရေးပါ ပါတယ် ” လို့ ဆိုခဲ့ပါတယ်။ တန်ဟန့်ရဲ့ အကြောင်းကို မေးတဲ့အခါ မာတီးနက်ဇ်က




“ တန်ဟန့်က စည်းကမ်းပိုင်းအရမ်းတင်းကြပ်ပါတယ်။ ဘောလုံးနည်းစနစ်ပိုင်းတွေမှာ တော်တယ်။ အနိုင်ရလိုစိတ်ရှိတယ်၊ အဲ့ဒါက အရေးကြီးဆုံးပါပဲ။ ကစားသမားတိုင်းက သူတို့ လုပ်ဆောင်ရမယ့် တာဝန်တွေကို




ရှင်းရှင်းလင်းလင်း သိရဖို့ လိုအပ်ပါတယ်။ သူကလည်း အရမ်းရှင်းရှင်းလင်းလင်းဖြစ်တယ်လို့ ထင်ပါတယ်။ သူနဲ့ဆိုရင် နေ့တိုင်း သင်ယူလို့ရတယ်၊ ပြီးရင် ပွဲထဲမှာလည်း နည်းစနစ်တွေနဲ့ အရာရာတိုင်းကို အပြည့်အဝ နားလည်နိုင်တယ် ” လို့ ပြောဆိုခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published.