မန်ယူCEOအာနိုးရဲ့ ​ခေါ်ယူမှုကြောင့် မန်ယူအသင်းထံရာထူးတစ်ခုနဲ့ ပြန်ရောက်လာပြီဖြစ်တဲ့ ဖာဂူဆန်

မန်ယူအမှုဆောင်အရာရှိချုပ် ရစ်ချက်အာနိုးသည် အသင်း၏ ဂန္ထဝင်မန်နေဂျာ ဖာဂူဆန်ကို မန်ယူတွင် အကြံပေးနေရာ၌ ခန့်အပ်ကြောင်း သောကြာနေ့က တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။ ထိုသို့ ခန့်အပ်ခြင်းနှင့်ပတ်သက်ပြီး မန်ယူပရိသတ်များအကြားတွင်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ဖာဂူဆန်သည် ၂၀၁၃ တွင်မန်ယူမန်နေဂျာအဖြစ်မှ အနားယူသွားပြီးနောက်တွင် အသင်း၌ ပထမဆုံးအကြိမ်ရာထူးတစ်ခုဖြင့် ပြန်လည်တာဝန်ယူခြင်းဖြစ်သည်။




ထိုသတင်းထွက်ပေါ်လာပြီးနောက်မန်ယူပရိသတ်များသည် လူမှုကွန်ရက်တွင် ၎င်းတို့၏အမြင်များကို ထုတ်ဖော်ရေးသားခဲ့ကြသည်။ အချို့က ဖာဂူဆန်ကို အသင်းတွင် တာဝန်တစ်ခုပေးခြင်းသည် ကောင်းမွန်သည့် ခြေလှမ်းဖြစ်သည်ဟု ယုံကြည်သော်လည်း အချို့ပရိသတ်များကမူ ဖာဂူဆန်ကို ခေတ်လွန်သွားပြီဖြစ်ကြောင်း အသင်းတွင်ဆက်လက်အသုံးမပြုသင့်တော့ကြောင့် လူမှုကွန်ရက်တွင် အငြင်းပွားခဲ့ကြသည်။

ရစ်ချက်အာနိုးက မန်နေဂျာတန်းဟက်၏ လက်ထက်တွင် အသင်း၏ လည်ပတ်ပုံနှင့်ပတ်သက်၍ အကြံပေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါ အဖွဲ့တွင် ဖာဂူဆန်က ပါဝင်လာခြင်းဖြစ်သည်။ ပရိသတ် အချို့က ဖာဂူဆန်ကို အနားပေးသင့်ပြီဖြစ်ကြောင်း ထိုခေတ်ကို စွန့်ခွာရန်လိုအပ်ကြောင်းပြောဆို လိုက်သည်။




“ဖာဂူဆန်ကို အနားယူခိုင်းသင့်ပါပြီ။ သူကအသင်းအတွက် အများကြီးလုပ်ပေးခဲ့သူဖြစ်ပြီး မန်ယူအနေနဲ့ လည်းအတိတ်ကနေရုန်းထွက်သင့်ပါပြီ”ဟု ပရိသတ်တစ်ဦးက တွစ်တာတွင်ရေးသားခဲ့သည်။ အခြားပရိသတ်တစ်ဦးကလည်း မန်နေဂျာသစ်ကို ယုံကြည်မှုအပြည့်ပေးပြီး အတိတ်ကို မေ့ပစ်သင့်ကြောင်း လူမှုကွန်ရက်တွင် ၎င်း၏အမြင်ကိုရေးသားခဲ့သည်။




ဖာဂူဆန်သည် မန်ယူသမိုင်းတစ်လျှောက်တွင် အောင်မြင်မှုအရှိဆုံးမန်နေဂျာတစ်ဦးဖြစ်ပြီး အသင်းကို ၂၆ နှစ်တာ တာဝန်ယူစဉ်ကာလအတွင် ဆုဖလားစုစုပေါင်း ၃၈ လုံးရယူနိုင်ခဲ့သည်။ ရစ်ချက်အာနိုးသည် အသင်း၏ဖွဲ့စည်းပုံနှင့် လည်ပတ်ပုံနှင့်ပတ်သက်၍ အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုအဖွဲ့တွင် ဖာဂူဆန်၊ မန်ယူစီအီးအိုဟောင်း ဒေးဗစ်ဂေးလ်နှင့် အသင်းခေါင်းဆောင်ဟောင်း ဘရိုင်ယန်ရော့ဘ်ဆင်တို့ပါဝင်သည်။




စီအီးအိုဟောင်း အက်ဝက်ဒ်ဝုဒ်နေရာမှာ ဖေဖော်ဝါရီလက ဆက်ခံခဲ့တဲ့ အားနိုးလ်ဟာ ဖာဂူဆန်ရဲ့ ယူနိုက်တက်အပေါ် ဩဇာအာဏာကြီးမားပုံကို သိရှိထားတာကြောင့် အခုလို ခေါ်ယူထားတာဖြစ်ပါတယ်။ ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းကို (၂၆) နှစ်ခွဲကြာ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား (၁၃) ကြိမ်၊ ချန်ပီယံလိဂ် (၂) ကြိမ် အပါအဝင် ဆုဖလားပေါင်း (၃၈) လုံးအထိ ရရှိထားသူဖြစ်ပါတယ်။




ဒေးဗစ်ဂေးလ်ကတော့ ယူနိုက်တက်မှာ စီအီးအိုရာထူးအပါအဝင် (၁၆) နှစ်ကြာ တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပါတယ်။ အသက် (၆၄) နှစ်အရွယ်သူဟာ ယူအီးအက်ဖ်အေရဲ့ အမှုဆောင်ကော်မတီဝင်ဖြစ်ပါတယ်။ ရော့ဘ်ဆန်ကတော့ ဖာဂူဆန်လိုပဲ အသင်းရဲ့ သံတမန်ဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.