မနက်ဖြန်ကန်မယ့် ဗယ်ကာနိုလ်နဲ့ပွဲမှာ ဘုရင်ကြီးပါ၀င်ကစားမယ်လို့ အတည်ပြုကြောညာခဲ့တဲ့ ရော်နယ်ဒို

မန်ယူအသင်းဟာ ဒီနေ့ညနေ ၆နာရီ၁၅မိနစ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။နည်းပြသစ်တန်ဟန်နဲ့အတူ မန်ယူအသင်းဟာ ခြေစမ်းပွဲ၅ပွဲထိကစားထားပြီး




၄ပွဲနိုင် ၁ပွဲသရေဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပါတယ်။လီဗာပူးကို ၄-၀၊မဲဘုန်းဗစ်တိုရီကို ၄-၁၊ခရစ္စတယ်ပဲလေ့စ်ကို ၃-၁၊အက်စတွန်ဗီလာကို ၂-၂ နဲ့သရေကျခဲ့ပါတယ်။Wrexhamအသင်းနဲ့ တံခါးပိတ်ခြေစမ်းပွဲကစားခဲ့ရာမှာလည်း

၄-၁ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့သလို ကစားသစ်တွေဖြစ်တဲ့ အဲရစ်ဆင်နဲ့ မာတီနက်ဇ်တို့ကိုလည်းပွဲထုတ်ခဲ့တယ်လို့သိရပါတယ်။အဲရစ်တင်ကလည်းပွဲဦးထွက်မှာတင် ပြစ်ဒဏ်ဘောကတဆင့် ဂိုးသွင်းနိုင်ခဲ့တယ်လို့သိရပါတယ်။




နည်းပြသစ်တန်ဟန်နဲ့အတူ မန်ယူအသင်းဟာလက်ရှိအချိန်မှာတော့ အကောင်းဆုံးပုံစံတွေကိုပြသထားပြီး ပရိတ်သတ်တွေကြည့်ချင်နေတဲ့ လှပကျစ်လစ်တဲ့ကစားပုံကိုလည်းပြသထားနိုင်ပါတယ်။




ရော်နယ်ဒိုကတော့ မန်ယူအသင်းနဲ့အတူ ယူရိုပါလိဂ်မကန်ချင်တာကြောင့် အသင်းပြောင်းမယ်လို့ သိရပါတယ်။အသင်းနဲ့လလည်း အကြိတ်အနယ်ဆွေးနွေးခဲ့ပြီး အသင်းဘက်ကမရောင်းဘူးလို့ပြောတာတောင် ရော်နယ်ဒိုကတော့ ထွက်မယ်ပဲ အတင်းပြောနေတာဖြစ်ပါတယ်။




ဒါပေမယ့် ပရော်ဖက်ရှင်နယ်ကစားသမားပီပီ လက်ရှိအချ်န်မှာတော့ မန်ယူအသင်းနဲ့ ​လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းတွေလုပ်နေခဲ့ပါတယ်။ဒီနေ့ကန်မယ့် အက်သလက်တီကိုအသင်းနဲ့ပွဲမှာတော့ ပါ၀င်ကစားမှာမဟုတ်ဘူးလို့သိရပြီး မနက်ဖြန်ကန်မယ့် ဗယ်ကာနိုအသင်းနဲ့ကန်မယ့်ပွဲမှာတော့ ပါ၀င်ကစားမှာဖြစ်ကြောင်းအခုလိုပဲပြောခဲ့ပါတယ်။




တနဂ်နွေနေ့မှာ ဘုရင်ကြီး ကစားမယ်လို့ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေကြေညာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ အသင်းပြောင်းမယ်သာ ပြောနေပေမယ့် ဘယ်အသင်းနဲ့မှ သဘောတူညီမှုမရခဲ့သေးပါဘူး။

HH

Leave a Reply

Your email address will not be published.