ခြေစမ်းပွဲနဲ့မတန်အောင် နစ်နာမှုတွေများခဲ့ပြီး ဂျာအိုဖီးလစ်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ရှုံးနိမ့်ခဲ့တဲ့ မန်ယူ (ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ယနေ့ညနေမှာ ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ပါတယ်။နည်းပြကြီးကတော့ အရေးပါတဲ့ ခြေစမ်းပွဲစဉ် ဖြစ်တာနဲ့အညီ ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။




တိုက်စစ်မှာ ဂျေဒန်ဆန်ချို မပါဝင်နိုင်တာကလွဲရင် ကျန်ကစားသမားအားလုံးနီးပါးမှာ အဓိက ပွဲထွက်ကစားသမားတွေကို အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။တစ်ဖက်က အေတီကိုအသင်းကလည်း အသင်းရဲ့ အဓိက ကစားသမားအများစုနဲ့ စတင် ပွဲထွက်လာခဲ့တာကို မြင်တွေ့ရပါတယ်။

ပထမပိုင်း ပွဲစတင်ချိန်မှာပဲ ယူနိုက်တက်အသင်းဟာ ၎င်းတို့ ထုံးစံအတိုင်း ပြိုင်ဘက်အသင်းကို ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။ဖရက်ဒ် တွန်မိနေးလ်တို့ရဲ့ ကွင်းလယ်အတွဲဟာ သိသိသာသာ အချိတ်အဆက်မိမိ ကစားနိုင်လာတာကိုလည်း မြင်တွေ့ရပါတယ်။




FullBack တွေဖြစ်ကြတဲ့ မာလာစီယာနဲ့ ဒါလော့ဒ်တို့ (၂)ယောက်ရဲ့ တိုက်စစ်လိုက်ပါနိုင်မှုက အတော်လေး အလုပ်ဖြစ်နေခဲ့ပါတယ်။ပထမပိုင်းမှာ ညာတောင်ပံ တိုက်စစ်၌ ပွဲထွက်လာခဲ့တဲ့ အီလန်ဂါကတော့ ကြံ့ခိုင်မှု အနည်းငယ် အားနည်းနေခဲ့ပြီး၊ ပြိုင်ဘက်ခံစစ်မှုးတွေနဲ့ ဘောလုံးယှဉ်လုရာမှာ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။




ပထမပိုင်းမှာ ယူနိုက်တက်အသင်းဘက်က ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး၊ ပြိုင်ဘက်ကို ထိန်းချုပ် ကစားနိုင်ခဲ့ပေမယ့်၊ ဦးဆောင်ဂိုး မရယူနိုင်ခဲ့ပါဘူး။ဒုတိယပိုင်း ပွဲချိန် (၆၉)မိနစ်မှာတော့ တွန်မိနေးလ်နဲ့ မာရှယ်တို့နေရာမှာ အဲရစ်ဆင်နဲ့ ဗန်ဒီဘိခ်တို့ကို ထည့်သွင်း ကစားခဲ့ပါတယ်။




၎င်းတို့(၂)ဦး ဝင်လာပြီးနောက်ပိုင်းမှာ တိုက်စစ်ကို ပံ့ပိုးပေးနိုင်မှု သိသိသာသာ ကောင်းမွန်လာခဲ့ပါတယ်။ဒုတိယပိုင်း ပွဲချိန် မိနစ်(၉၀)မှာတော့ အေတီကိုအသင်းဘက်က ဂျာအိုဖီးလစ်ရဲ့ နောက်ကျ သွင်းဂိုးကြောင့် ယူနိုက်တက်တို့ (၁-၀)နဲ့ ရှုံးနိမ့်ခဲ့ ရပါတယ်။




အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ မန်ယူအသင်းက်ု ခပ်ကြမ်းကြမ်းတုန့်ပြန်ကစားခဲ့ပြီး ခြေစမ်းပွဲနဲ့မတန်အောင်မန်ယူအသင်းအတွက် နစ်နာစရာတွေများခဲ့ပါတယ်။တော်မီနေးနဲ့ ဆွဲလားရမ်းလားထိပြဿနာတက်ခဲ့သလို ပွဲပြီးခါနီးမှာ ဖရက်ဒ်လည်းအနီကဒ်ပြခံခဲ့ရပါတယ်။

crd

Leave a Reply

Your email address will not be published.