ကစားသစ်က အကောင်းဆုံးဖြစ်ခဲ့ပြီး ကြံခိုင်ကြမ်းတမ်းတဲ့အသင်းနဲ့တွေ့ရင် ပုံမှန်ရုန်းကန်ရတဲ့ နှစ်ယောက် စတဲ့ကစားသမား Ratingများ

တန်ဟက်ဂျ်ရဲ့ ယူနိုက်တက်ကတော့ ရာသီကြိုခြေစမ်းပွဲအဖြစ် အက်သလက်တီကိုနဲ့ ကစားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ တန်ဟက်ဂျ်က ပထမပိုင်းမှာ သူ့ရဲ့ အမာခံကစားသမားတွေပါဝင်မယ်လို့ ယူဆရတဲ့ လူစာရင်းကိုပဲ အသုံးပြုခဲ့ပါတယ်။ ဆန်ချိုကတော့ နေမကောင်းဖြစ်နေလို့ မပါဝင်ခဲ့ဘဲ သူ့နေရာမှာ အီလန်ဂါပါဝင်ခဲ့ပြီး ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်ကတော့ ပုံမှန်ကစားခွင့်ရခဲ့ပါတယ်။ ဖာနန်ဒက်စ်၊ တော်မီနေး၊ ဖရက်ဒ်တို့ကွင်းလယ်၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဒါလော့နဲ့ မာလာစီယာတို့ ခံစစ်မှာရှိနေခဲ့ပြီး ဂိုးသမားကတော့ ဒီဂီယာပါပဲ။




အသင်းကောင်းတသင်းဖြစ်တဲ့ အေတီကိုနဲ့ပွဲမှာ တန်ဟက်ဂျ်ရဲ့ အသင်းဟာ အရင်ကလိုမျိုး ဂိုးတွေသွင်းနိုင်ဖို့တော့ ရုန်းကန်နေခဲ့ရပြီး ပထမပိုင်းမှာ အေတီကိုက ခပ်ကြမ်းကြမ်းကစားခဲ့သလို ယူနိုက်တက်ကလည်း ကြမ်းကြမ်းတမ်းတမ်းပြန်လည်ကစားခဲ့လို့ အချင်းများမှုတွေရှိခဲ့ပါတယ်။ မက်တော်မီနေးက အေတီကိုဂိုးသမားအော့ဘလက်ခ်ကို ဝင်တိုက်ရာကနေ နှစ်ဖက်အသင်းသားတွေကြား အချင်းများမှုဖြစ်ခဲ့တာပါ။

အသင်းလိုက်ကစားပုံအရတော့ ယူနိုက်တက် ပိုကောင်းမွန်​နေခဲ့ပြီး အေတီကိုကတော့ ထုံးစံအတိုင်း ခံစစ်ကိုပဲ ဦးစားပေးပြီး တချက်တချက်မှသာ ပြန်ထိုးဖောက်ခဲ့ပါတယ်။ မာရှယ် အခွင့်အရေးတချို့ရပေမယ့် အသုံးမချနိုင်ခဲ့လို့လည်း ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် ခံစစ်မာကျောတဲ့ အေတီကိုကို ဂိုးသွင်းဖို့တော့ ယူနိုက်တက်တို့ အခက်တွေ့နေခဲ့ရပြီး အပိုင်အခွင့်အရေးတွေ ရဖို့ကိုပါ မနည်းကြိုးစားနေခဲ့ရပါတယ်။




မာလာစီယာက လုခ်ရှောထက်စာရင် အသုံးဝင်မယ့် ပုံစံမျိုးကိုပြသခဲ့ပေမယ့် အသင်းဖော်တွေနဲ့တော့နားလည်မှုတွေ လိုအပ်နေပါသေးတယ်။ ဒုတိယပိုင်းမှာ အဲရစ်ဆန်၊ ဗန်ဒီဘိခ်တို့လူစားဝင်လာပြီး ယူနိုက်တက်တို့ ဘောလုံးအသာစီးရထပ်ရခဲ့သလို အခွင့်အရေးတချို့ရခဲ့ပေမယ့် မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချက်က အံ့အားသင့်ဖွယ်ရာ လွဲချော်ခဲ့ပြန်ပါတယ်။ 




အေတီကိုက ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုနည်းပါးပြီး တိုက်စစ်ပိုင်းကလည်း ဂိုးပေါက်တကြိမ်သာတည့်ခဲ့တာပါ။ ဒါပေမယ့် သူတို့ရဲ့ အားအသာဆုံးအချက်ဖြစ်တဲ့ ခံစစ်ကိုတော့ လုံခြုံအောင်ကစားနိုင်ခဲ့ပါတယ်။ ၈၆ မိနစ်မှာတော့ ယူနိုက်တက်တို့ တိုက်စစ်ဆင်ကစားပုံပျက်တာကတဆင့် အေတီကိုက တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး ယာအိုဖီးလစ်က ဧရိယာထိပ်ကနေ အနိုင်ဂိုးသွင်းယူခဲ့လို့ ၁-၀ နဲ့ ယူနိုက်တက်တို့ အရေးနိမ့်သွားခဲ့ပါတယ်။ 




မန်ယူကစားသမားတွေရဲ့ ကစားပုံအရRatingများကတော့ ဒီဂီယာ ၆၊ ဒါးလော့ဒ် ၅၊လင်ဒီလော့ဒ် ၆၊မက်ဂွိုင်းယား ၇၊မာလာစီယာ ၈၊ ဖရက်ဒ် ၅၊ တော်မီနေး ၆၊ရက်ဖို့ဒ် ၆၊ဖာနန်ဒတ် ၅၊အီလန်ဂါ ၆နဲ့ မာရှယ် ၇တို့ဖြစ်ပါတယ်။




မာလာစီယာကတော့ အသင်းရဲ့ကစားကွက်မှာအကောင်းဆုံးပါ၀င်ပတ်သတ်နိုင်ခဲ့ပြီး အတက်အဆင်းမှန်မှန်လုပ်ကာ မန်ယူအသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ဖရက်ဒ်နဲ့ဖာနန်ဒန်တို့ကတော့ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်ပြီး ကြမ်းကြမ်းတမ်းတမ်းကစားတတ်တဲ့သူတွေနဲ့တွေ့ရင် ရုန်းကန်ရလေ့ရှိပါတယ်။

crd

Leave a Reply

Your email address will not be published.