လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်၀င်ခွင့်မရတဲ့ မန်ယူအသင်းကနေထွက်ခွာခွင့်တောင်းဆိုခဲ့ပြီး ခေါ်ယူမယ့်အသင်းတော့ ခုထက်ထိမရှိသေးပါဘူး။
တိုက်စစ်မှူး စီရော်နယ်ဒိုသည် အသင်းပြောင်းမည့်ကိစ္စ မအောင်မြင်ခဲ့သော် Rayo Vallecano နှင့် ကစားမည့်ခြေစမ်းပွဲတွင် ပါဝင်ကစားခွင့်ရဖို့ရှိနေကြောင်းသိရသည်။
မန်ယူအသင်းဟာ အက်သလက်တီကိုနဲ့ဗယ်ကာနိုအသင်းတို့နဲ့ခြေစမ်းပွဲကစားရန်ကျန်နေသေးပြီး လက်ရှိအချိန်ထိတော့ တန်ဟန်ရဲ့ မန်ယူအသင်းဟာ ခြေစမ်းပွဲ၅ပွဲမှာ ၄ပွဲထိဂိုးပြတ်အနိုင်ယူထားပြီး တစ်ပွဲသာသရေကျထားပါတယ်။
ခရစ်စတီယာနိုရော်နယ်ဒိုကတော့“ စာနယ်ဇင်းတွေ၊ မီဒီယာတွေက တစ်နေ့မှ ကျွန်တော့်အကြောင်း မပြောပဲ မနေနိုင်ကြပါဘူး၊ အဲ့တာမှလည်းသူတို့ ပိုက်ဆံရကြမှာလေ၊
သူတို့လိမ်ပြီး မပြောရင် လူတွေရဲ့ စိတ်ဝင်စားမှုကို မရနိုင်ဘူးဆိုတာ သူတို့သိပါတယ်၊ တစ်နေ့နေ့ ကြရင်တော့ သူတို့တွေ သတင်းအစစ် တွေရကြမှာပါ “လို့ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ သူရဲ့သတင်းတွေကို ပြောချင်ရာပြောနေတဲ့ သတင်းဋ္ဌာနတွေကိုပေါက်ကွဲခဲ့ပြီးသူ့ရဲ့အနာဂတ်အကြောင်းမကြာခင်မှာသိစေရမယ်လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဘယ်အသင်းကမှကမ်းလှမ်းမလာသေးဘူးလို့ မန်ယူအသင်းကအတည်ပြုခဲ့ပြီး အက်သလက်တီကို၊ချဲလ်ဆီးနဲ့ဘိုင်ယန်တို့ကတော့ ရော်နယ်ဒိုကိုမေခါ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
crd