ရော်နယ်ဒိုကို လာလီဂါထံပြန်လာခဲ့လို့ ပြောခဲ့ပြီး အက်သလက်တီကိုအသင်းကို ဘာလုပ်သင့်လဲဆိုတာ ပြောပြခဲ့တဲ့ လာလီဂါဥက္ကဋ္ဌ

လာလီဂါရဲ့ ဥက္ကဋ္ဌဖြစ်သူဂျေဗီယာတီဘက်ဇ်ကတော့ လက်ရှိမန်ယူကစားသမားရော်နယ်ဒိုကို လာလီဂါထံလာကစားစေလိုကြောင်းအခုလိုပဲ ပြောကြားခဲ့ပါတယ်။




“ရော်နယ်ဒိုကို လာလီဂါမှာ နောက်တစ်ခါလောက် ထပ်မြင်ချင်မိတယ်။အေတီကိုအသင်းက သူ့ကို ခေါ်မှာလား၊မခေါ်ဘူးလားတော့ မသိပါဘူး”

“သူတို့အသင်းအနေနဲ့ ရော်နယ်ဒိုကို ခေါ်မယ်ဆိုရင်တော့ အချို့ကစားသမားတွေကို ရောင်းထုတ်သွားရဖို့ ရှိတယ်။ရော်နယ်ဒိုလိုမျိုးကစားသမားမျိုးကို ခေါ်မယ်ဆိုရင် ဘဏ္ဍာရေးကိစ္စတွေ ချိန်ညှိရမှာ မလို့ပါ”ဆိုပြီး ပြောသွားခဲ့ပါတယ်။




ရော်နယ်ဒိုဟာ လာလီဂါမှာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ၉နှစ်တာ ကျင်လည်ခဲ့ပြီး လာလီဂါဖလားနှစ်ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။လာလီဂါဟာ မက်စီနဲ့ရော်နယ်ဒိုတို့လို ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ယောက်ရဲ့ ယှဥ်ပြိုင်မှုကြောင့် လူအများပိုမိုအာရုံစိုက်တာခံခဲ့ရပါတယ်။




လက်ရှိအချိန်မှာတော့ မက်စီဟာ PSGအသင်းကို ရောက်သွားပြီဖြစ်သလို ရော်နယ်ဒိုကလည်း ၂၀၁၉ကတည်းက ဂျူဗင်တပ်ထံပြောင်းရွေ့သွားပြီး ၂၀၂၁မှာ မန်ယူအသင်းထံပြောင်းရွေ့ခဲ့ပါတယ်။




ချန်ပီယံလိဂ်ဘုရင်ကြီး ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်၀င်ခွင့်မရတဲ့ မန်ယူအသင်းနဲ့ ယူရိုပါလိဂ်ကို မကစားနိုင်ဘားလို့ အပြတ်ငြင်းကာ အသင်းကထွက်မယ်ပဲ ဆက်တိုက်ပြောနေခဲ့ပါတယ်။




ဒါပေမယ့် မန်ယူအသင်းကတော့ ရော်နယ်ဒိုအတွက် ဘယ်အသင်းကမှကမ်းလှမ်းလာခြင်းမရှိဘူးလို့ ပြောခဲ့ပြီး ရောင်းမှာမဟုတ်ဘူးလို့လဲ ပြောခဲ့ပါတယ်။တန်ဟန်ကလည်း ရော်နယ်ဒိုဟာ သူ့ရဲ့အစီအစဥ်ထဲမှာ ပါ၀င်နေကြောင်း ရော်နယ်ဒိုကို ရှင်းပြခဲ့ပါသေးတယ်။

crd

Leave a Reply

Your email address will not be published.