လက်ရှိမန်ယူအသင်းနဲ့ ရော်နယ်ဒိုရဲ့ ဆက်ဆံရေးဟာ ရှုပ်ထွေးနေပြီး ချန်ပီယံလိဂ်၀င်ခွင့်မရဘဲ ယူရိုပါလိ်ကန်ရမယ့် မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်မှမကန်ရရင် မဖြစ်ဘူးဆိုတဲ့ ရော်နယ်ဒိုရဲ့ ဆုံးဖြတ်ချက်ကြောင့် နှစ်ဘက်ဆက်ဆံရေးဟာ ဆိုးရနေပါတယ်။
ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်ကန်ရဖို့က သူ့အတွက် အဓိကကျနေပြီး မန်ယူအသင်းမှာ ဆက်မနေဖို့ ဆုံးဖြတ်ထားပြီး အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့တောင် တောင်းဆိုထားတယ်လို့သိရပါတယ်။
မန်ယူအသင်းကလည်း ရော်နယ်ဒိုအတွက် ကမ်းလှမ်းမှုတစ်ခုမှ မရခဲ့ကြောင်းနဲ့ မင်းကိုလည်းမရောင်းနိုင်ဘူးလို့ အတိအလင်းပြောကြားထားပါတယ်။
အစောပိုင်းမှာတော့ ချဲလ်ဆီး၊ဘိုင်ယန်မြူးနစ်နဲ့ လက်ရှိမှာတော့ အက်သလက်တီကိုအသင်းတို့နဲ့ အပြောင်းအရွေ့သတင်းတွေထွက်နေခဲ့ပေမယ့် မကြာခင်ကပဲ အဲ့ဒီအသင်းတွေကတော့ ရော်နယ်ဒိုက ကြီးကျယ်တဲ့ကစားသမားဖြစ်ပေမယ့် ခေါ်ယူဖို့အစီအစဥ်တော့မရှိဘူးလို့ ပြောကြားခဲ့ကြပါတယ်။
အခုမှာတော့ ဒေါ့မွန်အသင်းက ရော်နယ်ဒိုကို ခေါ်ယူဖို့ မန်ယူအသင်းထံအကျိုးအကြောင်းမေးမြန်းကာ စတင်လိုက်ပြီပဲဖြစ်ပါတယ်။ဒေါ့မွန်အသင်းဟာ ဟာလန်းကို မန်စီးတီးထံရောင်းချခဲ့ပြီး
အေဂျက်တိုက်စစ်မူး ဟယ်လာကို ခေါ်ယူခဲ့ပါတယ်။ဒါပေမယ့် ဟယ်လာဟာ ကင်ဆာကို ကုသနေရတာကြောင့် င့် ရေတိုအစားထိုးဖို့ တိုက်စစ်မှူးကောင်းတစ်ယောက်ို ခေါ်ယူလိုနေတာဖြစ်ပါတယ်။
ဒေါ့မွန်အသင်းဟာ ဘွန်ဒတ်လီဂါမှာ ဘိုင်ယန်ပြီးရင် အကြီးဆုံးအသင်းဖြစ်ပြီး ချန်ပီယံလိဂ်၀င်ခွင့်လည်းရသလို ကစားပုံကလည်းအထောင်တိုက်စစ်မှူးကို ၀ိုင်း၀န်းပန့်ပိုးပေးတဲ့ ကစားကွက်ဖြစ်တာကြောင့် ရော်နယ်ဒိုအတွက်အဆင်ပြေမှာပါ။
crd