မန်ယူအသင်းခေါ်ချင်နေတဲ့ ဟာလန်းထက်ကောင်းတဲ့ တိုက်စစ်မှူးဆက်စ်ကိုအတွက် စျေးသတ်မှတ်ပေးလိုက်တဲ့ ဆဲလ်ဘာ့ဂ်

ဆက်စ်ကိုကလီဗာပူးဘက်ကိုဂိုးသွင်းယူခဲ့တာပါ။လီဗာပူးနဲ့ကစားခဲ့တဲ့ဆဲလ်ဘာ့ဂ်နဲ့လီဗာပူးတို့ရဲ့ခြေစမ်းပွဲမှာဆဲလ်ဘာ့ဂ်အတွက်တလုံးတည်းသောအနိုင်ဂိုးကိုလူငယ်ကြယ်ပွင့်ဆက်စ်ကိုကသွင်းယူပေးခဲ့ပါတယ်။




ဆက်စ်ကိုဟာဒီပွဲမတိုင်ခင်တည်းကမီဒီယာစာမျက်နှာတွေထက်မှာ ရေပန်းစားနေပြီးယူနိုက်တက်ကလည်းအသက်(၁၉)နှစ်အရွယ် ဒီကစားသမားလေးကိုစောင့်ကြည့်နေတယ်လို့သိရှိရပါတယ်။

ဆဲလ်ဘာ့ဂ်ကတော့ယူနိုက်တက်ကစောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းအောက်မှာသန်း(၃၀၀)+ဘရူနိုကိုလိုချင်တယ်ဆိုပြီး ဆက်စ်ကိုအတွက် ပြောင်းရွှေ့ကြေးသတ်မှတ်နောက်ပြောင်ခဲ့ပါတယ်။




ဒါပေမယ့်မနေ့ညကလီဗာပူးကိုဆက်စ်ကိုကဂိုးသွင်းယူနိုင်ခဲ့တဲ့နောက်ဒီကစားသမားလေးရဲ့ပြောင်းရွှေ့ကြေးကအဆမတန်မြင့်တက်သွားကြောင်းဆဲလ်ဘာ့ဂ်ကထပ်မံနောက်ပြောင်ခဲ့ပါတယ်။ဆဲလ်ဘာ့ဂ်ကနောက်ဆုံးသတ်မှတ်ထားတဲ့စျေးပါ။ငါတို့ ဆက်စ်ကိုအတွက်(၁)ဘီလီယံအပြင်ဘရူနိုဖာနန်ဒက်စ်ရော၊ ဖရက်ဒ်ကိုရော လိုချင်တယ်လို့တွစ်တာပေါ်မှာထပ်မံနောက်ပြောင်ခဲ့ပြန်ပါတယ်။




လက်ရှိမန်စီးတီးတိုက်စစ်မှူးသစ်ဟာလန်းထက်တောင်ပိုကောင်းတယ်လို့သတ်မှတ်ခံထားရတဲ့ဆက်စ်ကိုအတွက်ဆဲလ်ဘာ့ဂ်တကယ်တမ်းသတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးကပေါင် (၅၅) သန်းပါ။




ဒါပေမယ့် လက်ရှိနွေရာသီမှာဒီပြောင်းရွှေ့ကြေးပမာဏကို ပေးချေလိုတဲ့ အသင်းမရှိရင်လည်းဆဲလ်ဘာ့ဂ်အတွက် ပြဿနာမရှိဘဲ ဆက်စ်ကိုကိုအသင်းမှာနောက်တရာသီဆက်လက်ထိန်းသိမ်းသွားဖို့ဆန္ဒရှိနေပါတယ်။ဆဲလ်ဘာ့ဂ်ဟာဟာလန်းကို စင်တင်ပေးခဲ့တဲ့အသင်းတသင်းဖြစ်ပြီးအခုတခါမှာလည်းဆက်စ်ကိုလို နောက်ထပ်ဥရောပကြယ်ပွင့်တယောက်ကိုစင်တင်ပေးနေပြီလို့ဆိုရတော့မှာပါ။




ယူနိုက်တက်အသင်းသည် ဆဲလ်ဘတ်တိုက်စစ်မှူး Sesko ၏ ကိုယ်စားလှယ်နှင့် ဆက်သွယ်မှုများရှိထားကြောင်းသိ ရသည်။ ဆဲလ်ဘတ်က ယင်းကိုလတ်တလောတွင်ရောင်း ချလိုခြင်းမရှိဘဲ (2023)ခုနှစ်ရောက်မှ ရောင်းချလိုနေသည်။ အကယ်လို့ Sesko ကိုယခုနွေ၌ခေါ်ယူလိုလျှင် ဆဲလ်ဘတ်လိုချင်သည့် စျေးပေးမှ ရရှိနိုင်ဖွယ်ရှိနေသည်။

crd

Leave a Reply

Your email address will not be published.