ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်ကြယ်ပွင့် ဇီဒန်းအစ်ဘယ်လ်ရဲ့ အနာဂတ်ကို အတည်ပြုပေးလိုက်တဲ့ တန်ဟန်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အသင်းရဲ့ အကယ်ဒမီထွက် လူငယ် ကစားသမားလေး ဇီဒန်း အစ်ဘယ်လ် ကို ဒီနွေ ဈေးကွက်အတွင်းမှာ အခြားသော ကလပ်အသင်း တစ်သင်းဆီကို အငှားချခြင်း မပြုလုပ်ပဲ အစ်ဘယ်လ် ကို ကူညီဖို့ အသင်းမှာ ဆက်လက်ထားရှိဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။




အသက် ၁၉ နှစ်အရွယ် အီရတ် လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ မန်ချက်စတာ ယူနိုက်တက် အတွက် မိနစ် အနည်းငယ်ခန့် ပါဝင်ကစားပေးခွင့် ရရှိခဲ့ပြီး ယခု ဇူလိုင်လထဲမှာ ကျင်းပခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာလည်း ပွဲစဉ် ၄ ပွဲမှာ မိနစ် ၁၃၉ မိနစ်ထိ ကစားခွင့် ရရှိခဲ့သလို နည်းပြ တန်ဟက်ဂ် နဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ သဘောကျအောင် စွမ်းဆောင် ပြနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အဲရစ် တန်ဟက်ဂ် က ဒီ ကစားသမားလေးကို လာမယ့် ဘောလုံးရာသီ အတွင်း အသင်းမှာ ဆက်ထားပြီး သူရဲ့ ခြေစွမ်းပိုင်း ပိုမို တိုးတတ်အောင် ကူညီပေးချင်နေတာ ဖြစ်ပါတယ်။




အဲရစ် တန်ဟက်ဂ် က မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် တာဝန်ယူပြီး ပထမဆုံး ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ အီရတ် ကစားသမားလေး ဇီဒန်း အစ်အယ်လ် ရဲ့ ခြေစွမ်းကို သတိထားမိခဲ့ပြီး ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားသူကို ပြီးခဲ့တဲ့ ရာသီက အသင်းမှာ နေရာမပေးခဲ့တာကို အံ့သြမိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။




အဲ့ဒီလို ပြောဆိုပြီး နောက်ပိုင်း အစ်ဘယ်လ် ကို လီဗာပူးလ်၊ မဲလ်ဘုန်းဗစ်ထရီ၊ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာ၊ အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစွမ်း ပွဲစဉ်များမှာ ကစားခွင့် ပေးလာခဲ့ပါတယ်။




Central Midfield နေရာမှာ ကစားတတ်တဲ့ အစ်ဘယ်လ်ဟာ ကစားခွင့်ရတဲ့ ပွဲတိုင်းမှာ အထင်ကြီးလောက်စရာ ခြေစွမ်း ပြသခဲ့သလို လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာပါ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက အသင်းရဲ့ အဓိကပစ်မှတ် ဖရန်ကီ ဒီယောင်းကို မရမက ကမ်းလှမ်းနေတာထက် အစ်ဘယ်လ်ကိုသာ အသင်းမှာ နေရာပေးသင့်တယ်လို့ တိုက်တွန်းခဲ့ကြပါတယ်။




အစ်ဘယ်လ်ဟာ မကြာသေးခင်က မန်ချက်စတာ ယူနိုက်တက် နဲ့ ၂၀၂၅ ခုနှစ်ထိ သက်တမ်းတိုးမြှင့်ခဲ့ပြီ အဲရစ် တန်ဟက်ဂ် က ၎င်းကို လာမယ့် ရာသီမှာ အသင်းရဲ့ လူစာရင်းမှာ နေရာပေးသွားဖို့ ဆန္ဒရှိနေပြီး ဒီ အခွင့်အရေးကို အစ်ဘယ်လ် က အကောင်းဆုံး အသုံးချသွားဖွယ် ရှိနေပါတယ်။

crd

Leave a Reply

Your email address will not be published.