ချန်ပီယံလိဂ်ကန်ရဖို့အရေးကြီးတယ် ဖလားရတာမရတာနောက်ထားဆိုပြီး အသင်းသစ်ရှာဖွေတွေ့ရှိသွားတဲ့ ရော်နယ်ဒ်ု

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်ခဲ့ရပြီး အဆင့် ၆ နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်၀င်ခွင့် ဆုံးရှူံးခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ မစ္စတာချန်ပီယံလိဂ်လို့တောင် အမည်ပေးခံထားရတဲ့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကန်ချင်တဲ့အတွက် ယူနိုက်တက်ကနေ ထွက်ခွာချင်နေပြီပဲ ဖြစ်ပါတယ်။




ယူနိုက်တက်ရဲ့ရာသီကြိုအာရှခရီးစဉ်ကိုလည်း မပူးပေါင်းခဲ့သလို အသင်းကနေထွက်ခွာခွင့်လည်း တောင်းထားပါတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့အေးဂျင့်ဂျော့မန်ဒက်စ်ကရော်နယ်ဒိုချန်ပီယံလိဂ်၀င်ခွင့်ရတဲ့အသင်းကိုပြောင်း‌ရွှေ့နိုင်ရေးအတွက် ဆောင်ရွက်ပေးနေပါတယ်။ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုမက်ဒရစ်စတဲ့အသင်းတွေကိုချိတ်ဆက်ခဲ့ပေမယ့် အားလုံးကရော်နယ်ဒိုကိုခေါ်ဖို့တညီတညွတ်တည်း ငြင်းခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒိုနဲ့ အေးဂျင့်မန်ဒက်စ်တို့ကတော့ လက်မလျော့သေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲရော်နယ်ဒိုဟာ ယူနိုက်တက်ထံ ပြန်ရောက်လာပြီးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီလို တွေ့ဆုံဆွေးနွေးရာမှာလည်းယူနိုက်တက်ဘက်က အသင်းမှာ ဆက်ရှိစေချင်ကြောင်းပြခဲ့ပေမယ့်ရော်နယ်ဒိုတို့ကတော့ ထွက်ခွာခွင့် သို့မဟုတ်အငှားချပေးဖို့သာတောင်းဆိုခဲ့ပါတယ်။




ရော်နယ်ဒိုဟာ သူ့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးကို တခြားလူတွေ လိုက်မှီမှာကို စိုးရိမ်နေပြီး သွင်းဂိုးပမာဏ များများနဲ့ ‌ချည်နှောင်ထားချင်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်း ချန်ပီယံလိဂ် ၀င်ခွင့်ရတဲ့အသင်းကိုအသည်းအသန် ပြောင်းရွှေ့ချင်နေတာပါ။ အသင်းကြီးတွေကသူ့ကိုမခေါ်ချင်တဲ့အဆုံးမှာ ရော်နယ်ဒိုဟငယ်ဘ၀ကလပ်ဖြစ်တဲ့စပို့တင်းလစ္စဘွန်းနဲ့ ဆွေးနွေးနေပါပြီ။




စပို့တင်းလစ္စဘွန်းအသင်းလာမယ့်ရာသီချန်ပီယံလိဂ်၀င်ခွင့် ရထားတဲ့အသင်းပါအစတုန်းကတော့ရော်နယ်ဒိုဟာ ကစားသမားဘ၀နောက်ဆုံးရာသီလောက်မှစပို့တင်းကိုပြန်ကစားဖို့ စဉ်းစားထားတာပါ။ခုတော့ယူနိုက်တက်တို့ကလည်းချန်ပီယံလိဂ်၀င်ခွင့်မရ၊ ခေါ်မယ့်အသင်းကြီးကလည်းမရှိဝာာကြောင့် စပို့တင်းဘက်ကိုပဲမြှားဦးလှည့်လာရတာပါ။




ရော်နယ်ဒိုကိုခေါ်မယ်ဆိုရင်စပို့တင်းဘက်ကပြောင်းရွှေ့ကြေးလည်းပေးရမှာဖြစ်တဲ့အပြင်လစာပမာဏကလည်းများပါတယ်။ရော်နယ်ဒိုကပြောထားတဲ့အတိုင်းပဲ ၃၀ ရာခိုင်းနှုန်းလျော့ယူပေးရင်တောင်မှစပို့တင်းလိုအနေအထားမျိုးနဲ့ပေးချေနိုင်ပါ့မလားဆိုတာစဉ်းစားစရာပါ။




လက်ရှိမှာတော့ရော်နယ်ဒိုနဲ့ပတ်သက်ပြီး အခြေအနေတွေက တော်တော်လေးရှုပ်ထွေးနေတယ်လို့ ဆိုရမှာပါ။ ရော်နယ်ဒိုတစ်ယောက် သူ့ဆန္ဒအတိုင်းအသင်းပြောင်းခွင့်ရသွားမလား ဒါမှမဟုတ် ယူနိုက်တက်မှာပဲဆက်နေသွားရမလားဆိုတာတော့ စောင့်ကြည့်သွားရမှာပါ။

crd

Leave a Reply

Your email address will not be published.