Wrexhamအသင်းကို ဂိုးပြတ်အနိုင်ယူပြီး စစချင်း ဆောက်နဲ့ထွင်းလိုက်တဲ့ အဲရစ်ဆင်

မန်ယူအသင်းဟာ ဒီရာသီရဲ့ ၅ခုမြောက်ခြေစမ်းပွဲကို မနေ့က wrexhamအသင်းနဲ့ ကွင်းပိတ်ကစားခဲ့ပါတယ်။ကစားသမားသစ်တွေဖြစ်တဲ့ အဲရစ်ဆင်နဲ့ မာတီနက်ဇ်တို့ကိုလည်းပွဲထုတ်ကစားခဲ့တယ်လို့သိရပါတယ်။




ကာရစ်တန်၌ Wrexham အသင်းနှင့်ကစားခဲ့ သည့် တံခါးပိတ်ခြေစမ်းပွဲ ပွဲစဥ်တွင် ယူနိုက်တက် က (4-1) ရလဒ်ဖြင့်အနိုင်ရခဲ့သည်။

အဖွင့်ဂိုးကို အဲရစ်ဆင်က သွင်းယူပေးခဲ့သည်။အဲရစ်ဆင်က ပြစ်ဒဏ်ဘောကနေတစ်ဆင့်သွင်းယူပေးခဲ့တယ်လို့လည်းသိရပါတယ်။မာတီနက်ဇ်နှင့် အဲရစ်ဆင်တို့က ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ကြသည်။




ယင်းပွဲစဥ်တွင် ဖာနန်ဒက်၊ မက်ဂွိုင်ယား၊ ရပ်ရှ်ဖို့ဒ် ၊ စီရော်နယ်ဒိုတို့က ဘေးနားတွင်ရှိခဲ့ကြသည်။ သွင်းဂိုးကို အဲရစ်ဆင်၊ ဒီယာလို၊ ဂါနာချို၊ တဲလက်စ်တို့မှ သွင်းယူခဲ့ကြသည်။




ကစားသမားသစ်တွေဖြစ်တဲ့ အဲရစ်ဆင်နဲ့ မာတီနက်ဇ်တို့ဟာ တန်ဟန်ရဲ့ကစားကွက်မှာအကောင်းဆုံးပါ၀င်ပတ်သတ်နိုင်ခဲ့ကြပြီး ခြေစွမ်းပြကစားနိုင်ခဲ့တယ်လို့သိရပါတယ်။




မန်ယူအသင်းဟာ အက်သလက်တီကိုမက်ဒ်ရစ်၊အက်သလက်တစ်ဘီဘာအိုတို့နဲ့ ခြေစမ်းပွဲထပ်မံကစားဦးမှာဖြစ်ပါတယ်။




လက်ရှိအချိန်ထိတော့ နည်းပြတန်ဟန်လက်အောက်က မန်ယူအသင်းဟာ ရှုံးပွဲမရှိသေးပဲ အကောင်းဆုံးပုံစံတစ်ခုကို ပြသထားနိုင်သလို ဂိုးတွေလည်းမြူးနေပါတယ်။

crd

Leave a Reply

Your email address will not be published.