ရော်နယ်ဒိုကို ပရီးမီးယားလိဂ်မှာ ဆက်မရှိစေချင်တဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ နယူးကာဆယ်နည်းပြ Eddie howe

နယူးကာဆယ်အသင်းဟာ ရေနံသူဋေးတွေကြောင့် ကမ္ဘာ့အချမ်းသာဆုံးအသင်းဖြစ်လာပြီး ကစားသမားတွေနဲ့နည်းပြကို အကောင်းဆုံးခေါ်ယူကာ တန်းဆင်းရမယ့်အရေးကနေ ရှောင်လွဲနိုင်ခဲ့တာဖြစ်ပါတယ်။




နယူးကာဆယ်နည်းပြ Eddie howeကတော့ သူ့အနေနဲ့ ရော်နယ်ဒ်ုက်ု ပရီးမီးယားလိဂ်မှာ ဆက်မရှိစေချင်ပဲ တစ်ခြားလိဂ်တစ်ခုခုကို ပြောင်းစေချင်ကြောင်းအခုလိုပဲပြောကြားခဲ့ပါတယ်။

“ရော်နယ်ဒိုလား?(ရယ်လျက်)သူ ပရီးမီးယားလိဂ်ကနေထွက်သွားဖို့ ကျွန်တော်မျှော်လင့်ပါတယ်၊ဘာလို့လဲဆိုတော့ သူကဂိုးတွေကိုအများကြီးသွင်းယူနိုင်တဲ့ ကစားသမားလေ၊ကျွန်တော်ကတော့ သူနဲ့ရင်ဆိုင်မကစားချင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။




ရော်နယ်ဒိုဟာ မန်ယူကိုရောက်ရောက်ခြင်းမှာပဲ ပထမဆုံးပွဲမှာ နယူးကာဆယ်နဲ့ရင်ဆိုင်ခဲ့ရပြီး ၂ဂိုးထိသွင်းယူကာ ၄-၁ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပရီးမီးယားလိဂ်မှာ ၁၈ဂိုးအထိသွင်းယူခဲ့ပြီး တတိယဂ်ုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။




လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်၀င်ခွင့်မရတဲ့ မန်ယူအသင်းကနေထွက်ခွာခွင့်တောင်းဆိုခဲ့ပြီး ခေါ်ယူမယ့်အသင်းတော့ ခုထက်ထိမရှိသေးပါဘူး။




တိုက်စစ်မှူး စီရော်နယ်ဒိုသည် အသင်းပြောင်းမည့်ကိစ္စ မအောင်မြင်ခဲ့သော် Rayo Vallecano နှင့် ကစားမည့်ခြေစမ်းပွဲတွင် ပါဝင်ကစားခွင့်ရဖို့ရှိနေကြောင်းသိရသည်။




မန်ယူအသင်းဟာ အက်သလက်တီကိုနဲ့ဗယ်ကာနိုအသင်းတို့နဲ့ခြေစမ်းပွဲကစားရန်ကျန်နေသေးပြီး လက်ရှိအချိန်ထိတော့ တန်ဟန်ရဲ့ မန်ယူအသင်းဟာ ခြေစမ်းပွဲ၅ပွဲမှာ ၄ပွဲထိဂိုးပြတ်အနိုင်ယူထားပြီး တစ်ပွဲသာသရေကျထားပါတယ်။

crd

Leave a Reply

Your email address will not be published.