ဘယ်အသင်းကမှမခေါ်ပဲ အသင်းကထွက်မယ်ပဲ ပြောနေတဲ့ ရော်နယ်ဒိုကို ပြတ်ပြတ်သားသားတုန့်ပြန်လိုက်တဲ့ မန်ယူအသင်း

ရော်နယ်ဒိုဟာ အင်္ဂါနေ့တုန်းက သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒတ်နဲ့အတူ မန်ချက်စတာမြို့ကိုရောက်ရှိလာပြီး ကာရင်တန်ဟလေ့ကျင့်ရေးကွင်းကို သူ့ရဲ့အနာဂတ်အကြောင်းဆွေးနွေးရန်ရောက်ရှိလာပါတယ်။




ရော်နယ်ဒိုကတော့ သူ့ရဲ့ရည်ရွယ်ချက်ဟာ အသင်းက ထွက်ပြီး ချန်ပီယံလိဂ်ကစားရဖို့အဓိကဖြစ်တယ်လို့ပြောခဲ့ပါတယ်။မန်ယူအသင်းကတော့ ရော်နယ်ဒိုကို ဘယ်အသင်းကမှကမ်းလှမ်းလာခြင်းမရှိကြောင်းနဲ့ ရောင်းလည်းမရောင်းနိုင်ဘူးလို့ ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။

စီရော်နယ်ဒိုက ယူနိုက်တက်နှင့်တွေ့ဆုံချိန်၌ ယင်းကို အသင်းမှထွက်ခွင့်ပေးဖို့နှင့်ဒါမှယင်းအနေဖြင့် ချန်ပီယံလိဂ်ကစားခွင့်ရအသင်းတွင် ကစားနိုင်မည်ဖြစ်ကြောင်း အကြောင်းကြားခဲ့ရာ ယူနိုက်တက်မှ ` မင်းက ငါတို့ရောင်းရမယ့် ကစားသမားမဟုတ်၊ မင်းကိုခေါ်ဖို့လည်း ဘယ်အသင်းရဲ့ ချဥ်းကပ်မှုနဲ့ကမ်းလှမ်းမှုကိုမှ မရသေး´ ဟု တုံ့ပြန်ခဲ့သည်။




တိုက်စစ်မှူး စီရော်နယ်ဒိုသည် မနေ့တုန်းက Wrexham အသင်း နှင့်တံခါးပိတ်ခြေစမ်းပွဲမတိုင်ခင်၌ အသင်းနှင့် အတူ လေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။မန်ယူအသင်းကတော့ wrexhamအသင်းနဲ့​တံခါးပိတ်ခြေစမ်းပွဲမှာ ၄-၁ဆိုတဲ့ ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်။




ကစားသမားသစ်တွေဖြစ်တဲ့ မာတီနက်ဇ်နဲ့အဲရစ်ဆင်တို့လည်းပါ၀င်ကစားခဲ့ပြီး တန်ဟန်ရဲ့ ကစားကွက်မှာ အကောင်းဆုံးပါ၀င်ကစားနိုင်ခဲ့တယ်လို့သိရပါတယ်။အဲရစ်ဆင်ကလည်း ပွဲဦးထွက်မှာတင် ပြစ်ဒဏ်ဘောကတဆင့် တစ်ဂိုးသွင်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။




တိုက်စစ်မှူး စီရော်နယ်ဒိုသည် အသင်းပြောင်းမည့်ကိစ္စ မအောင်မြင်ခဲ့သော် Rayo Vallecano နှင့် ကစားမည့်ခြေစမ်းပွဲတွင် ပါဝင်ကစားခွင့်ရဖို့ရှိနေကြောင်းသိရသည်။




မန်ယူအသင်းဟာ အက်သလက်တီကိုနဲ့ဗယ်ကာနိုအသင်းတို့နဲ့ခြေစမ်းပွဲကစားရန်ကျန်နေသေးပြီး လက်ရှိအချိန်ထိတော့ တန်ဟန်ရဲ့ မန်ယူအသင်းဟာ ခြေစမ်းပွဲ၅ပွဲမှာ ၄ပွဲထိဂိုးပြတ်အနိုင်ယူထားပြီး တစ်ပွဲသာသရေကျထားပါတယ်။

HH

Leave a Reply

Your email address will not be published.