နာမည်ကြီးကလပ်အသင်းတစ်ခု ဖြစ်တဲ့မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ်အဲရစ်တန်ဟက်ဂ်ဟာ သူ့ရဲ့တပည့်ဟောင်း လီဆန်ဒရိုမာတီနက်ဇ်ကိုကလပ်အသင်းသို့ ေခါ်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာအဲရစ်ဘိုင်လီ၊ဖီးလ်ဂျုံးစ်သို့မဟုတ်Axel Tuanzebe တို့ထဲကနှစ်ဦးကိုရောင်းချဖို့ဆန္ဒရှိနေပါတယ်။
အသက် 24 နှစ်အရွယ်ရှိပြီဖြစ်တဲ့မာတီနက်ဇ်ဟာယနေ့မှာ ပြောင်းရွှေ့ကြေးပေါင်47သန်းဖြင့်အိုးထရက်ဖို့ဒ်ကိုပြောင်းရွှေ့လာခဲ့ပြီး တိုင်ရဲလ်မာလာစီယာနဲ့ခရစ္စတီယန်အဲရစ်ဆင်တို့ကိုခေါ်ယူပြီးတဲ့နောက်ယခုနွေရာသီအတွင်းမှာတော့ယူနိုက်တက်ရဲ့တတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။
နည်းပြအဲရစ်တန်ဟက်ဂ်ဟာအေဂျက်စ်မှလီဆန်ဒရိုမာတီနက်ဇ်ကိုခေါ်ယူပြီးနောက်ယခုရာသီတွင်အဲရစ်ဘိုင်လီ၊ဖီးလ်ဂျုံးစ် သို့မဟုတ် Axel Tuanzebeတို့ထဲမှတစ်ဦးတည်းကိုသာ ကလပ်အသင်းမှာဆက်ထားလိုတာဖြစ်ပါတယ်။
တန်ဟက်ဂ်ဟာလောလောလတ်လတ်ခေါ်ယူထားတဲ့အာဂျင်တီးနားသား ၂ ယောက်၊ဟယ်ရီမက်ဂွိုင်းယား၊ဗစ်တာလင်ဒါလော့ဖ်နဲ့ ရစ်ဖယ်လ်ဗာရန်းတို့ကိုထားနိုင်ဖွယ်ရှိပြီးမာတီနက်ဇ်ကို ခံစစ်နေရာမှာထားတာဟာတန်ဟက်ရဲ့ရွေးချယ်မှုများကိုပိုမိုအားကောင်းလာစေမှာဖြစ်ပါတယ်။
The Telegraphသတင်းဌာနရဲ့ဖော်ပြချက်တွေအရ Jones၊ Tuanzebe နှင့် Bailly တို့ထဲကနှစ်ဦးကို ရောင်းချသွားမည်ဖြစ်ပြီးသူတို့သုံးဦးဟာအခုအချိန်မှာယူနိုက်တက်မှာ ရှိမယ့် သူတို့ရဲ့အနာဂတ်အတွက်တိုက်ပွဲဝင်လျက်ရှိနေပါတယ်။
ဘိုင်လီဟာရိုးမားအသင်းရဲ့အာရုံစိုက်မှုကိုခံနေရပြီး ဟိုဆေးမော်ရင်ညိုဟာေနာက်ခံလူဘိုင်လီနှင့်ပြန်လည်ပေါင်းစည်းဖို့ ဆန္ဒရှိနေပါတယ်။ ဂျုံးစ်ကတော့အိုးလ်ထရက်ဖို့ဒ်မှာ စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိတော့ပြီးအဝတ်လဲခန်းမှ ာရေပန်းစားနေတဲ့အသင်းသားတစ်ဦးဖြစ်ပေမယ့်လည်းသူရဲ့ဒဏ်ရာပြဿနာများကသူ့ကိုအားကိုးလို့မရအောင် ဖြစ်နေစေပါတယ်။
Tuanzebe ဟာ ပြီးခဲ့သည့်ရာသီကနာပိုလီတွင် အငှားသွားရောက်ကစားခဲ့ပြီးတူရကီကလပ်Trabzonspor မှ သူ့ကို အာရုံစိုက်နေပါတယ်။ သူတို့သုံးယောက်ထဲကဘယ်သူတွေရောင်းခံရပြီးတစ်ခုတည်းသောနေရာအတွက်ဘယ်သူကျန်ခဲ့ရမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။
crd