ကစားသမားသစ် မာတီနက်ဇ်နဲ့ အဲရစ်ဆင်တို့၀တ်ဆင်မယ့် ကျောနံပတ်တွေကို တရား၀င်ကြေညာသွားတဲ့ မန်ယူအသင်း

“မန်ချက်စတာ ယူနိုက်တက်ကစားသမား ဖြစ်ရတာ သိပ်ကိုထူးခြားပါတယ်”ဆိုတဲ့ အဲရစ်ဆင်ရဲ့ အိုးထရက်ဖို့ဒ်ရောက် ပထမဆုံး ရင်ဖွင့်စကားသံများ မနေ့က ညနေပိုင်းမှာ မန်ယူနိုက်တက်တို့ဟာ ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို တရားဝင်ခဲ့ ပြီ ဖြစ်ကြောင်းကို အသင်းဂျာစီနဲ့တကွ မိတ်ဆက်ကာ ကြေညာမှုတွေ ပြုလုပ်သွားခ့ဲပါတယ်။




အဲရစ်တင်အနေနဲ့ မန်ယူနိုက်တက်နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပြီး ဘရန့်ဖို့ဒ် အသင်းထံကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာလည်းပဲ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိနေပြီ ဖြစ်တဲ့ အဲရစ်ဆင်ကတော့ မန်ယူနိုက်တက်နဲ့အတူ စွန့်စားခန်း အသစ်တွေကို ရင်ဆိုင်သွားရတော့မှာပဲဖြစ်ပါတယ်။

လီဆန်ဒရို မာတီနက်ရဲ့ တရားဝင်အပြောင်းအရွှေ့အတွက် ကြေညာမှုကိုတော့ မန်ယူနိုက်တက်ဘက်ကနေ တရား၀င် ကြေညာသွားပါတယ်။




အာဂျင်းတီးနား နောက်ခံကစားသမားကို ယူနိုက်တက်တို့ဟာ ပေါင် ၅၆.၇ သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့ရတာဖြစ်ပြီး ဇွန်လ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကာ တစ်နှစ်သက်တမ်းတိုးခွင့်ပါရှိတာဖြစ်ပါတယ်။




မာတီနက်ဇ်ဟာ အေဂျက်ဇ်မှာဆက်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်ကစားဖို့နဲ့ အာဆင်နယ်အသင်းက သူတို့ရဲ့ စီမံကိန်းထဲမှာ ပါဝင်ဖို့ ဆွဲဆောင်ချက်တွေရှိခဲ့ပေမယ့် နည်းပြဟောင်း အဲရစ်တန်းဟက်ဂ်ရှိရာ ယူနိုက်တက်ဆီ လှမ်းလာခဲ့တာဖြစ်ပါတယ်။




မန်ယူအသင်းဟာ မနေ့က Wrexhamအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး ၄-၁ ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။ကစားသမားသစ်တွေဖြစ်တဲ့ မာတီနက်ဇ်နဲ့အဲရစ်ဆင်တို့ကိုထည့်သွင်းကစားခဲ့ပြီး အဲရစ်ဆင်ဟာ ဖရီးကစ်ကနေ ၁ ဂိုးသွင်းနိုင်ခဲ့တယ်လို့သိရပါတယ်။




မန်အသင်းဟာ ဒီနေ့မှာတော့ အဲရစ်ဆင်နဲ့ မာတီနက်ဇ်တို့ရဲ့ ​ကျောနံပတ်ကို တရား၀င်ကြေညာသွားခဲ့ပြီး အဲရစ်ဆင်ဟာ ကျောနံပတ် ၁၄ကို၀တ်ဆင်ကစားမာဖြစ်ပြီး မာတီနက်ဇ်ဟာ ကျောနံပတ် ၆ကို၀တ်ဆင်ကစားမှာဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.